ကျနော်နေရာလေးကို ရောက်လာတဲ့ သူငယ်ချင်းကို အများကြီးကျေးဇူးတင်ရှိပါတယ်ဗျာ

Tuesday, March 26, 2013

အဲ့ဒီအခန်းဖြတ်

ကျနော်ကြိုက်လို့တင်လိုက်တာပါ..သရုပ်မှန်ကို..အဟုတ်တကယ်ခွဲခြားပြတဲ့...ဇာတ်လမ်းတိုလေးပါ  မိုက်တယ်ဗျာ.....[BAN THAT SCENE] Just Ban it all !!! ဆင်ဆာဖြတ်ကြမယ်
There are many extra electricity mega watts in Burmese so that we have to sell it abroad!Maybe the most funny movie I have ever seen. Could not stop laughing from beginning to end.

သရုပ်ဆောင်၊ ဒါရိုက်တာ ၀ိုင်း ရိုက်ကူးတင်ပြသော "အဲ့ဒီအခန်းဖြတ်" ဇာတ်လမ်းတို ရုပ်ရှင်ကားမှ ဗိုလ်မှူးအဖြစ် သရုပ်ဆောင်သည့် (ဦး) ဇော်ဝင်းနိုင်နှင့် ဆင်ဆာအရာရှိအဖြစ် သရုပ်ဆောင်သည့် (ဒေါ်) သန်းသန်းစိုးတို့အားအင်္ဂလန်မှအမည်မဖော်လိုသ
­ူ မြန်မာပရိသတ်တဦးက ငွေကျပ်တသိန်းစီ ချီးမြှင့်ဂုဏ်ပြုခဲ့သည်။ အဆိုပါ ပရိသတ်မှ "လွတ်လပ်မှုအနုပညာ ရုပ်ရှင်ပွဲတော်" (The Art of Freedom Film Festival) အတွက်လည်း အလှူငွေ ကျပ်နှစ်သိန်း ပေးပို့လှူဒါန်းခဲ့သည်။ ဂုဏ်ပြုချီးမြှင့်ငွေနှင့် လှူဒါန်းငွေ စုစုပေါင်း ကျပ်လေးသိန်းကို ဒေါက်တာလွဏ်းဆွေမှတဆင့် ကိုဇာဂနာ (ကိုသူရ) ထံသို့ ပေးပို့ခဲ့သည်။

The Art of Freedom Film Festival လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဆုပေးပွဲ အခမ်းအနားကို ယနေ့ (ဇန်နဝါရီလ ၄ ရက်နေ့) ညနေ ၆ နာရီက တော်ဝင်စင်တာတွင် ကျင်းပပြုလုပ်လျက် ရှိရာ ပရိတ်သတ် အကြိုက်ဆုံး ဇာတ်ကားဆုကို ဒါရိုက်တာ ဝိုင်း၏ "အဲဒီအခန်းဖြတ်" ဇာတ်ကားရရှိသွားပါသည်။
မဲပေးကြတဲ့ ပရိသတ် ၁၀၀၅၄ ဦးမှာ ၇၀၁၁ မဲ ရရှိပြီး ပရိသတ်အကြိုက်ဆုံးဆု ကို ရရှိခဲ့သည်။
ကျေးဇူးတင်စကားကို ( ၀ိုင်း )က ဒီလိုပြောသွားခဲ့ပါတယ် ။
ရိုးရိုးလေးဗျာ ရွှေတွေ ကြယ်တွေလည်းမပါဘူး ။ ရိုးမှာပေါ့ လူထုကပေးတာကိုး ။ ကျေးဇူးတင်ပါတယ် ။

တကယ့် ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်လာတဲ့ နိုင်ငံခြားသား ကိုသာနိုးပြောတဲ့ အင်တာဗျူးလေးပါ

http://aknitgroup.blogspot.com/2013/03/blog-post_4236.html?spref=fbမှကူးယူပါသည်

Saturday, March 23, 2013

ကမ္ဘာ့အမြင့်ဆုံးဗုဒ္ဓရုပ်ပွားတော်များ
၁။ Spring Temple Buddha

ကမ္ဘာ့ အမြင့် ဆုံး ရုပ်ပွားတော်ကတော့ တရုတ်နိုင်ငံမှာတည်ရှိပြီး ခရီးသွားဧည့်သည်တွေ အမြဲတမ်းလာကြတဲ့ အမြင့် (၁၂၈ )မီတာရှိတဲ့  Vairocana ဗုဒ္ဓလို့ အမည်ရတဲ့ ရုပ်ပွားတော်ဖြစ်ပါတဃ်။ ရုပ်ပွားတော်ရဲ့ ( ၂၅ )မီတာမြောက်မှာ Jiuhua တောင်ကြီးရှိပြီး ဘာသာရေးရဲ့  သင်္ကေတတစ်ခုအနေဲ့ တည်ဆောက်ထားတာ ဖြစ်ပါတဃ်။
၂။ Laykun Setkyar Statue

ဒုတိဃအမြင့်ဆုံး ရုပ်ပွားတော်ကလည်း ဗုဒ္ဓ ကို ကိုဃ်စားပြုထားတာပါပဲ ။ မြန်မာနိုင်ငံမှာတည်ရှိကာ လှပသပ္ပာဃ်စွာ တည်ရှိနေပြီး ချီးကျူးစရာကောင်းလှတဲ့  ဗိသုကာပညာရပ်နဲ့ တည်ဆောက်ထားတာဖြစ်ပြီး (၁၁၆)မီတာမြင့် မားပါတဃ်။ ရုပ်ပွားတော်ပာာ ဒါတွေမပါနဲ့ ကြည့် ရင်တောင်မှာ လှပသပ္ပာဃ်နေပါတဃ်။ လေးကွန်းစတြာလို့ အမည်ရပြီး (၂၀၀၈)ခုနှစ်တုန်းကပဲ တည်ဆောက်တာပြီးခဲ့တာဖြစ်ပါတဃ်။ ဒီရုပ်ပွားတော်ကို ဗုဒ္ဓကိုဃုံကြည်ကိုးကွဃ်ဆည်း ကပ်နေသူတွေကနေအလေး သမှုပြုမှုနဲ့  တည်ဆောက်ထားတာဖြစ်ပါတဃ်။
၃။ Ushiku Daibutsu

ကမ္ဘာကြီးတစ်ခုလုံးကနေ အာရှကို တကဃ်လေးစားဖို့ အကြောင်းအရာတွေ အများကြီးရှိနေပါပြီဗျာ ။ တတိဃအမြင့်ဆုံး ရုပ်ပွားတော်ကလည်း အာရှတိုက်က ဂျပန်နိုင်ငံမှာတည်ရှိတာပါပဲ။ ပြီးတော့ ဒါပာာလည်း ဗုဒ္ဓကို ကိုဃ်စားပြုထားတာဖြစ်ပါတယ်။ ကြီးမားလှတဲ့ ဗုဒ္ဓရုပ်ပွားတော်ကြီးပာာ Ushiku လို့ အမည်ရပြီး ( ၁၁၀)မီတာမြင့်မားပါတယ်။ (၄,၀၀၀ )တန် အလေးချိန်ရှိပြီး အပြင်မှာတကဃ် မတွေ့ ဘဲနဲ့ တော့ ယုံကြမှာမပာုတ်ပါဘူး ။ ဘယ်လောက် အရွဃ်အစားကြီးတဃ်ဆိုတာ စိတ်ကူးကြည့် လိုက်ပါ ပန်းပုလက်ရာတွေနဲ့ တည်ဆောက်ထားတဲ့ ဦးခေါင်းတော်ပာာ အမေရိကန် ၊ နဃူးဃောက်မြို့ ကလေဘာတီရုပ်ထုရဲ့ တစ်ဝက်လောက်ရှိပါတယ်။
၎။Great Buddha of Thailand

ဘုရားလာဖူးသူတွေရဲ့  (၉၂)မီတာအမြင့်မှာရှိနေပြီး ကြီးမားလှတဲ့ ဗုဒ္ဓရုပ်ပွားတော်ပာာ ထိုင်းနိုင်ငံမှာ အမြင့်ဆုံးဖြစ်ပါတယ်။ ရုပ်ပွားတော်ကြီးပြီးဖို့  (၁၈)နှစ်လောက်ကြာမြင့်ခဲ့ပြီး အခုဆို ဆောက်လုပ်တာပြီးဆုံးသွားတဲ့ ကြည်ညိုစရာကောင်းလှတဲ့  ဗုဒ္ဓရုပ်ပွားတော်ကြီးကို အပြည့်အ၀ဖူးမြော်လို့ ရပါပြီ။
၅။ Ling Shan Grand Buddha

တရုတ်ကတော့ မြင့်မားလှတဲ့ရုပ်ပွားတော်တွေ ဆောက်တဲ့နေရာမှာ ကြီးမားလှတဲ့လို့ ဆိုရပါလိမ့်မယ်။ ဗုဒ္ဓရုပ်ပွားတော်တို့ ရဲ့  ပုံစံတစ်ခုဖြစ်တဲ့ လက်ဖ၀ါးဖြန့်  ထားတဲ့ပုံစံ တစ်ခုကိုတည်ဆောက်ထားပြီး ဗုဒ္ဓဘာသာရဲ့ အရေးကြီးတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒီကြီးမားလှတဲ့ဗုဒ္ဓရုပ်ပွားတော်ပာာ Lingshan( လင်းရှန် ) ကောင်တီမှာတည်ရှိကာ (၈၈)မီတာမြင့်မားပြီး ကမ္ဘာ့ အမြင့်ဆုံးရုပ်ပွားတော်တွေထဲမှာလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။

http://well-doers.blogspot.com/2012/06/blog-post_1534.html">မှတစ်ချိုတစ်ဝက်ကူးယူဖေါ်ပြပါသည်...

Tuesday, March 19, 2013

အိန္ဒိယနိုင်ငံမှ ဆက်လက်ကြီးထွားနေသော သက်ရှိတံတား



ယနေ့လို ခေတ်ကြီးထဲမှာ ကိရိယာ တန်ဆာပလာမပါပဲနဲ့ လူတွေအတွက် အသေးငယ်ဆုံး တံတားလေးတစ်ခု တည်ဆောက် မယ်ဆိုရင်တောင်မှ လွယ်ကူလှတဲ့ အလုပ်တစ်ခုတော့ မဟုတ်ပါဘူး ။ သဘာဝတရားကြီးက ကျွန် တော် တို့ကို အံ့သြဖွယ်ရာတွေ ဆောင်ယူလာပေးပါတယ် ။ အိန္ဒိယနိုင်ငံမှ မိုးသစ်တောတွေထဲမှာ သဘာဝ အ လျောက်ရှင်သန်ကြီးထွားနေတဲ့ တံတားတစ်စင်းကို ဖော်ပြပေးလိုက်ပါတယ် ။













အိန္ဒိယမှ Cherraphunji , Meghalaya မှာ သဘာဝအလျောက် ရှင်သန်ကြီးထွားနေတဲ့ သက်ရှိတံတားရဲ့ ပုံတွေ ကို သင်တွေ့မြင်နိုင်ပါတယ် ။ Ficus elastica ဆိုတာကတော့ သဘာဝအလျောက် ဒုတိယအမြစ် (secondary roots) တွေကို ပွားများစေတဲ့ အပင်တစ်မျိုး ဖြစ်ပြီး အဲဒီအပင်တွေ စုပေါင်းခြင်းအားဖြင့် တံတားတစ်စင်း ဖြစ်ပေါ် နေတာကို အံ့သြဖွယ်ရာ တွေ့မြင်ရပါလိမ့်မယ် ။ အချို့သော လူမျိုးစုတွေဟာ မိုးရသီ ရေလွှမ်းမှုတွေနဲ့ ကြုံတွေ့ ရတဲ့အခါ ဒီအပင်တွေကို အသုံးပြုပြီး တကယ့်တံတား ဖြစ်အောင်လည်း ပြုလုပ်ကြပါသေးတယ် ။

http://www.thettantcho.com/2010/04/blog-post.htmlမှကူးယူဖေါ်ပြပါသည်။။။။

Saturday, March 16, 2013

ရွှေဂွန်းမြေရဲ့ သာသနာနယ်မြေပုံလေးတစ်ပုံပေါ့

စက္ကူခေါက်နည်းလေးပါ

အားလုံးပဲ မင်္ဂလာပါ........
ကျနော်လည်း လိုင်းပေါ်မတက်တာနဲ့..
အဖွဲ့ထဲမှာ ..ပို့စ် တွေ.မတင်ဖြစ်ဘူး.......
လူ့ပြည်မှာပဲ အလုပ်တွေရှုပ်နေလို့ ခုပြန်တက်လာပြီနော်...
ဘာမှတော့မရှိဘူး...အပျင်းပြေ.ဥာဏ်စမ်းလေးတစ်ခုလောက်တွက်ကြည့်လိုက်ပါဦး...
ဒီမေးခွန်းကို..သူငယ်ချင်းတစ်ယောက်က..ဟိုတုန်းကမေးခဲ့တာပါ......
ကျနော်နဲ့ လမင်းကိုကို နှစ်ယောက် ဆီ( ၁၀) ပိသာ သွားဝယ်ပါတယ်..
ဒီလိုနဲ့အိမ်ပြန်ခဲ့ကြတာ ..လမ်းရောက်တော့ လမင်းကိုကိုကပြောပါတယ်
မသယ်နိုင်တော့ဘူး လေးတယ် တဲ့ ..ကိုမျိုးအောင်ရဲ့..ဆီ (၅) ပိသာ ကိုပြန်ယူတော့တဲ့
အဲ့ဒါမှ ...ဒွတ်ခပဲ...ဆီခွဲဖို့တွက် ခွက်လည်းမရှိ ၊ချိန်ဖို့တွက်ခွက်လည်းမရှိ....
ဒါနဲ့ ကျနော်တို့လည်း ရှေ့မှာတွေ့တဲ့...ထူးထူးဝါး အိမ်မှာ..ထည့်စရာခွက်တွေသွားတောင်းပါတယ်
ထူးထူးဝါး ပေးလိုက်တာက (၇) ပိသာခွက်နဲ့ (၃) ပိသာခွက်ပါ....
သူငယ်ချင်းတို့က ကျနော်နဲ့ လမင်းကိုကို နှစ်ယောက်တွက်
(၁၀)ပိသာ၊(၇)ပိသာ၊(၃)ပိသာ ခွက်တွေကို ယူပြီ..ကျနော်တို့နှစ်ယောက်တွက်
ှဆီ တစ်ယောက်(၅)ပိသာစီ ကူချိန်ပေးကြပါ.........မျက်မှန်းနဲ့တော့မခွဲပေးနဲ့နော်
အတိကျပဲလိုချင်ပါတယ်.....ကူညီပါဦ.......
သိတဲ့ သူငယ်ချင်းတွေလဲ ထပ်တွက် မသိသေးတဲ့ သူငယ်ချင်းတွေ လဲတွက်ပေါ့ ။
ဒီနည်းကတော့ လူတိုင်းရဲ့ ပင်ကိုယ် စရိုက်ကို တွက်နည်းလေးပါ
မြန်မာသက္ကရာဇ်ကို အခြေခံပြီး ဟောတဲ့ နည်းလေးပါ

လူတစ်ယောက်ရဲ့ မွေးသက္ကရာဇ်နဲ့ မွေးနံကိုသိရင် သူရဲ့ပင်ကိုယ် အတွင်းသဘောကို သိနိုင်တဲ့ နည်းလေးမို့
ဆရာစံဇာဏီဘို ရဲ့ တွက်နည်းလေးကို သူငယ်ချင်းတို့အတွက် တင်ပြလိုက်ပါတယ်
လူတစ်ဦးဆီမှာ ပင်ကိုယ် `ဇ´ လေးတွေ ပါလာတတ်ပါတယ် ။
(0) လောဘကြီးသူ
(1) ဒေါသကြီးသူ
(2) မောဟစိတ်လွန်ကဲသူ
(3) မေတ္တာစိတ်ရှိသူ
(4)ဂရုဏာစိတ်များသူ
(5) မုဒိတာ တရားလက်ကိုင်ထားသူ
(6)ဥပေက္ခာသမား

ဆိုပြီး (7)မျိုး ခွဲခြာထားပါတယ် .......။
သူငယ်ချင်းတို့ရေ ...ကိုယ့်အတွက်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းအတွက်ပဲဖြစ်ဖြစ် ချစ်သူအတွက်ပဲ ဖြစ်ဖြစ် တွက်ကြည့်လိုက်ကြရအောင်နော်........................။

တွက်နည်းကတော့ လွယ်ပါတယ် ကိုယ်ရဲ့ မွေးသက္ကရာဇ်ရယ် ၊မွေးနံကို ဂဏန်းပြောင်းပြီး ပေါင်းပါ
ရတဲ့ အဖြေ (7) နဲ့ စားရပါမယ် ထွက်လာတဲ့ အဖြေကတော့ ကိုယ့်ရဲ ပင်ကိုယ်စရိုက်ပေါ့ ။

ဥပမာ -
ကျွန်တော့်ရဲ့ ခုနှစ်သက္ကရာဇ်က 1353 ခု သောကြာသားဆိုတော့ 6ပေါ့
1353+6=1359
1359÷7=1 ကြွင်းပေါ့

မြန်မာမွေးနှစ်မသိတဲ့လူတွေအတွက်တော့
http://www.mmcalendar.com/index.php


အဲဒီထဲမှာ အင်္ဂလိပ်ခုနှစ်က မြန်မာခုနှစ်ပြောင်းပြီး ကြည့်နိုင်ပါတယ် .

ကဲ .....အောက်မှာ ကိုယ့်ရဲ့ စရိုက်လေးကို ကြည့်ကြတာပေါ့ ....
အကြွင်း (0) လောဘ
သူကတော့ လိုချင်စိတ်များတယ် ။ရတာနဲ့ မတင်းတိမ်ဘူး ။ရောင့်၇ဲတဲ့ စိတ်မရှိဘူး ။ရောက်တဲ့ နေရာမှာ မပျော်ဘူး ဒီထက်သာယာတဲ့ဘ၀ကို လိုလားတဲ့ သူ။ တစ်ခုမပြီးခင် နောက်တစ်ခုလုပ်ချင်တယ် ဘယ်အရာမဆို လက်ဝါးကြီး အုပ်ချင်တယ် ။
ဘယ်တော့မှလည်း နောက်လိုက်မလုပ်ချင်ဘူး ။ ကိုယ်ရယူပိုင်ဆိုင်ဖို့ဆိုရင် ဘယ်အရာကိုမှ မထောက်ထားဘူး မှားသည်မှန်သည် မခွဲခြားဘူး ဘယ်နည်းနဲ့ မဆို ရအာင်ယူမှ ကျေနပ်တဲ့ သူ။ လိုချင်စိတ်များတော့ ဘာမဆိုလုပ်ရမှာ ၀န်မလေးသူပေါ့။ ချမ်းသာလိုတယ် ကြွယ်ဝလိုတယ် ချမ်းသာချင်ကိုလဲ ရမဲ့ သူ။ ဒါပေမဲ့ မှားလား မှန်လား တရားဝင်လား တရားမ၀င်လား
တွေးမှာ မဟုတ်တဲ့အတွက် ဒုက္ခတော့ တွေ့နိုင်တာပေါ့ ။ ဘယ်လိုပဲ ဖြစ်ပါစေ သူကဘ၀ကို ရည်မှန်းချက်ကြီးကြီးနဲ့ ဖြတ်သန်းမည့်သူပါ။ သူတစ်ပါးမှာရှိတာထက် လိုချင်စိတ်မြင့်မားနေတော့ လူတော်တွေ ဖြစ်တတ်ပါတယ် ။ လိုချင်တဲ့ စိတ်ကလေးကို စနစ်တကျ အသုံးပြုသွာမယ်ဆိုရင် ဒိတ်ဒိတ် လူသားဘ၀ကို ပိုင်ဆိုင်ရမှာ အမှန်ပါ ။။။။။။။

အကြွင်း (1) ဒေါသ
စိတ်ကြီးတယ် မဟုတ်မခံစိတ်များတယ် မတော်မတရား လုပ်တာတွေ့ရင် ကိုယ့်ကိစ္စမဟုတ်လဲ ၀င်ပါဖို့ ၀င်ပြောဖို့ ၀န်မလေးတဲ့သူ ဘေးကနေ အလိုလို ဒေါသထွက်နေတတ်တယ် ။ စိတ်တိုဒေါသထွက်ရင်လဲ ဘာမဆို လုပ်ပစ်ပြောပစ်လိုက်မှ
ကျေနပ်တဲ့သူပေါ့ ။ စိတ်ကသာကြီးပါတယ် သူ့နှလုံးသားကတော့ ဖြူစင်လွန်းပါတယ် ။ ဘယ်တော့မှလဲ ကိုယ့်ဘက်ကစပြီး ရန်မလုပ်ဘူး သန့်သန့်လေးပြောတတ်ဆိုတတ်တယ် ။ လာစော်ကားပြီး လာငြိပြီ ဆိုရင်တော့ စိန်ခေါ်ရင် တိမ်ပေါ် အထိ လိုက်မဲ့သူပဲ ။ ပင်ကိုစိတ်ရင်းကောင်းတယ် ။ သူတစ်ပါးကို ပေးရမှာ ကျွေးရမှာ ထိပ်ဆုံးကပေါ့ ။ဒါပေမဲ့ စိတ်မြန် ဒေါသ ထွက်လွယ်တာကြောင့် အန္တရာယ် အမြဲ ရင်ဆိုင်ရတတ်တယ်။ စိတ်မြန်ပုံကတော့ ဖိနပ်စီးရတာ ခက်နေရင်တောင် ဖိနပ်ကိုကန်ထုတ် ရန်လုပ်ပြီး ဖိနပ်မပါပဲ လျှောက်သွာတတ်တဲ့ သူမျိုး။ ကိုယ်ကို လာစော်ကားလာရင်လဲ ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ ဖြစ်ခဲ့တာကို စဉ်းစားပြီး စိတ်ထဲမှာ တစ်နုံ့နုံ့နဲ့ တွေးပြီး ကြိတ်မနိုင်ခဲမရ ဒေါပွနေတတ်တယ် ။ အဲဒီစိတ်ကလေးကို ထိန်းနိုင်တဲ့ နေ့ရောက်ရင် ချမ်းသာကြီးပွားတဲ့ လမ်းပေါ်ကို စရောက်တဲ့နေ့ပါပဲ ။ ဘယ်သို့ဆိုစေ ``လူဖြောင့်စိတ်တို´´ဆိုတဲ့ စကားအတိုင်း အလွန်ရိုးဖြောင့်တဲ့ သူတစ်ယောက်ပါ ။။။။

အကြွင်း (2)မောဟ
သိပ်တွေဝေတတ်တယ် ဘယ်အရာမဆို ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင် မချနိုင်ဘူး ။အရာရာကို မေ့လျှော့နေတတ်တယ် ။ တစ်ခါတစ်လေး ငေါင်တောင်တောင်နဲ့ ငေးမောနေတတ်တာတောင်တွေ့ရတတ်ပါတယ် ။ သီးသန့်နေလို့စိတ်ပြင်းတယ် ။ပြသနာတစ်ခု တစ်ယောက်ထဲ မဖြေရှင်းနိုင်ဘူး မြွေမသေ ဒုတ်မကျိုး လုပ်တတ်တယ် ။ အလွန်တော်တဲ့ ဖြန်ဖြေရေး သမာလေး။ ကြားဝင်ဖြေရှင်း ရမယ်ဆိုရင် နှစ်ဖက်နှခွ မြင်တဲ့သူ။ အပြောအေးအေးလေးနဲ့ ကျလောက်အောင် ပြောတတ်တဲ့သူ။ သူ့၇ဲ့ ရိုးပုံအေးပုံကြောင့် လူတိုင်းက ခင်ကြတယ် ။ သူကတော့ ရောက်တဲ့နေရမှာ ပျော်အောင်နေမယ် ။ ပြသနာတွေ့ရင်တောင် ဒါတွေကို မေ့လျှော့ပြီး ကိုယ်လုပ်ချင်တာ လုပ်နေမဲ့ သူပဲ ။ဒါ့ကြောင်ဘာကိုမှ လေးလေးနက်နက် မရှိဘူးလို့ အထင်ခံရတတ်တယ် ။ စကားသာ ကျလောက်အောင်ပြောတာ တစ်ခါတစ်လေ ရှေ့နောက်မညီ ပြောပြီးတာတွေ မေ့တတ်ပြန်တယ် ။စိတ်ဓာတ်တတ်လွယ် ကျလွယ်တယ် ။ အရာရာ မပြတ်မသား နှောင့်နှေးလွန်းတော့ ဘ၀အခွင့်အရေး တွေ မကြာခဏ လက်တစ်လုံးကြား ဆုံးရှုံးရတတ်တယ် ။ သူ့ဘ၀ကို နိုင်နိုင်နှင်းနှင်း ပဲ့ထိန်းပေတဲ့ သူရှိမှ သူဘ၀က ဟန်ကျမယ် ။ နောက်ကတစ်ချိန်လုံး လိုက်ပြောနေမှ တန်ရုံကျမှာ ။အပြောခံရလို့ စိတ်ဆိုးမှာတော့ မပူနဲ သူကဘယ်တော့မှ မှတ်မထားလို့ပါ ။

အကြွင်(3) မေတ္တာ
သူကတော့ မေတ္တာ ရှင်ကြီးပေါ့ ။အားနာတတ်တယ် ၊ယုံစားလွယ်တယ် ၊သူတစ်ပါးအပေါ် ခွင့်လွတ်နားလည်စိတ်ရှိတယ် ။ သည်းခံစိတ်ရှိတဲံ့နေရမှာ နှစ်ယောက်မရှိဘူး အောချရလောက်တဲ့  အထိပေါ့။ အရာရာကို ရင်ဆိုင်ရဲတယ်။လူသားအားလုံးအေ ပ်ါလေးလေး စားစား ဆက်ဆံတတ်တယ် ။ကိုယ့်ကိုယ်ကို အမြဲ နှိမ့်ချနေတတ်တယ် ။သူအနေနဲ့ ရိုးပေမဲ့ သွားအထင်မသေးပါနဲ့ သူ့မှာချစ်တဲ ခင်တဲသူတွေ အလွန်ပေါတဲသူပါ ။လမ်းလေဂျပိုး လူမိုက်ကအစ လုပ်ငန်းရှင်ကြီး အထိ သူ့ကိုခင်ကြတယ် ။ အရေးအကြောင်းဆို ကူညီဖို့အသင့်ပဲ ။မြင့်မြတ်တဲံ့ စိတ်သဘောထား အပေါ် လူတိုင်းက နေရာပေး ဆက်ဆံကြတယ် ။ရန်သူအပေါ်မှာတောင်မေတ္တာထား တော့ ဘေးလူတွေနာမလည် အားမလိုအား မရ ဖြစ်တတ်ကြတယ်။ဒါပေမဲ့ ရန်သူကိုမေတ္တာနဲ့  အဆုံးမှာ စည်းရုံးနိုင်တဲ့ သူပါ ။စိတ်သဘောထား ကြီးတယ် မဟုတ်တာ မလုပ်တဲ့သူ။ ဘယ်သူ့ကိုမဆို တန်ဖို့းထားဆက်ဆံတတ်တယ်။အပြောသမားမဟုတ်ဘူး လက်တွေ့ဆန်တယ် ။အေးအေးချမ်းချမ်းနေချင်တဲ့သူ။ အချစ်မေတ္တာ အပေါ် အလေးအနက်ထားတယ် ။ အခက်အခဲ ကိုရင်ဆိုင်ရရင်တောင် မေတ္တာ ရှေ့ထားပြီး အောင်မြင်မှုကို ရယူတဲ့သူ ပါ ။ အားလုံးသိပါတယ် အောင်ခြင်(8)ပါးကို မြတ်စွာဘုရားက မေတ္တာနဲ့ အောင်မြင်ခဲ့တာကိုလေ။

အကြွင်း(4)ဂရုဏာ
ရင်တဲမှာစာနာတတ်တယ် ၊ ခံစားတတ်တယ်၊ ကြင်နာတဲ့စိတ်အပြည့်ရှိနေတယ် ။ သိပ်ကို ကိုယ်ချင်းစာတတ်တယ်။ ချစ်သူခင်သူဖြစ်စေ သတ္တ၀ါတွေကိုဖြစ်စေ ``သနားပါတယ်နော်´´ ဆိုပြီး စာနာစိတ်နဲ့ အမြဲ ကူညီလို့စိတ်ရှိတယ် ။သနားအောင်ပြောရင် ဘယ်လောက်စိတ်ဆိုးနေပါစေ ခွင့်လွှတ်တယ် ။ ဂရုဏာသမားမို့ ရန်သူကိုတောင် သနားတတ်တဲသူ ။စိတ်ဆိုးလဲ ခဏပဲ ။ရန်သူကို သူ့ခမျာ ငါ့ကိုတစ်ချိန်လုံး ရန်လိုနေတာ သနားပါတယ်တဲ့လေ။ဒါပေမဲ သူကသူတစ်ပါးအပေါ် ဂရုနာထားသလိုသူ့အပေါ်မှာ ဂရုစိုက်မှ ကျေနပ်တတ်တဲသူ။ သူကိုဂရုမစိုက်ဘူး အလေးမထာဘူး အချစ်ပေါ့တယ်လို့ ထင်ရင် စိတ်ကောက်ပြီး ၀ုန်းတိုင်းကျဲ အရွဲ့တိုက်တတ်သူ။ ၀မ်းနည်းလွယ်တယ် တစ်ဇွတ်ထိုးလုပ်တတ်တယ် ။ ငါကောင်းသလောက်ငါ့အပေါ်မကောင်းဘူးလို့ စိတ်ဝင် ၀မ်းနည်းသွာပြီဆိုရင် အမြန်လေးသာ ချော့လိုက်ပါ ။လူပုံစံ စတိုင်၊ ဟန်ပန်က အစ ပြုမူပြောဆိုပုံက မာကျစ်ကျစ် ၊ဘုခွပြော၊ မသနားတတ်တဲ့ ကြင်နာစိတ်မရှိတဲ့ သူလိုအပြင်ပန်းမှာ ပေါ်နေတယ် ။ တကယ်အတွင်းစိတ် ရင်ထဲမှာတော့ ဂရုဏာ အပြည့်ရှိတဲသူပါ ဂရုဏာကြီးတဲ့ ဟန်ဆောင်နေတဲ့ သူနဲတော့ တခြာစီပေါ့ ။သူ့သဘော သူ့သဘာဝ သူ့မနောကိုသိတဲ့ သူတွေကတော့ လေးလေးစားစား နဲ့ သူ့အရိပ်ကို ခိုဝင်ကြတယ် ။ ဦးဆောင်သူ ၊ဆရာတွေ ၊ သမားတော်တွေ တော်တော်များများကတော့ ကရုဏာရှင်တွေပေါ့ ။

အကြွင်း(5)မုဒိတာ
မုဒိတာကို လက်ကိုင်ထားနိုင်သူမျိုးကတော့ ရှားပါးလှပါတယ် ။သူကတော့ ရှားရှားပါးပါးထဲက သူတစ်ယောက်မို့ လူတစ်သောင်းမှာ တစ်ယောက်တွေ့ခဲလှတဲ့ မုဒိတာ ပွားနိုင်တဲ့ သူတစ်ယောက်ပေါ့ ။သူတစ်ပါးအောင်မြင်တာ ၊ချမ်းသာကြွယ်ဝတာ ၊ ထွန်းထွန်းပေါက်ပေါက်ဖြစ်တာ၊နာမည်ကြီးတာ ၊ငွေရတာ ၊အလုပ်တိုးတတ်တာ တွေ့ရင် ကိုယ်ကပဲ ဒါတွေကို ခံစားနေရသလိုလိုနဲ့ ပိတိဖြာပြီး ဘေးကနေကြည်နူးနေတတ်တဲ့ သူမျိုး ဒီကမ္ဘာမှား ရှားပါတဲသူပေါ့။ မနာလို ၀န်တိုစိတ်မရှိဘူးအတင်းအဖျင်းမပြောတတ်ဘူး ၊မြင့်မြတ်တဲ့ စိတ်ရှိတယ် ။အရာရာ ရင်ထဲ ခံစားပြီးမှ လုပ်တတ်ပြောတတ်တဲ့သူ ။မှန်ကန် မြင့်မြတ်တဲ့စိတ်ကြောင့်အောင်မြင်မှုထိတ်တန်းရောက်တယ်။ ကိုယ်က သူတစ်ပါးကို ဝေဖန်တိုက်ခိုက်တာ ၊သူတစ်ပါးကို ငယ်ကျိုးငယ်နာ ဖော်ပြီး ဒုက္ခပေးတာမျိုးလုံးဝမုန်းတီးတယ် ။ ကိုယ်ကလဲ မလုပ်ဘူး၊လုပ်ရပ်တွေကိုလဲ လက်မခံဘူး ။ရှောင်ရှားတယ် ။.သူတစ်ပါး အားနည်ချက်အားသာချက်ကို ဖော်ထုတ်ပြီး ချီကျူးပြီးကောင်းတဲ့ အပြုသဘောတွေကို အကြံပေးမှုလေးတွေကြောင့် သူ့ကိုချစ်ခင်သူတွေပေါတယ် ။မနာလိုဝန်တိုစိတ်မရှိပဲ သူတစ်ပါးအပေါ် မျှဝေခံစား တတ်လို့ ကြီပွားအောင်မြင်မှာ မလွဲပါဘူး ။အရာရာ အပေါ်မှာ ရင်ထဲက လှိုက်လှိုက်လှဲလှဲ နဲ့ ဖြစ်ထွန်းစေသလို ကိုယ်တိုင်လဲ ဖြောင့်ဖြောင့် မှနှ်မှန်နဲ့အမြဲကြိုးစားနေတဲ့ မြင့်မြတ်တဲ့  နှလုံးသား ပိုင်ရှင်တစ်ဦးပါ ။

အကြွင်း(6)ဥပေက္ခာ
အလွန်ထူးခြားတဲ့ နှလုံးသားပိုင်ရှင်ပေါ့။ ဘာသိဘာသာ အေးအေးဆေဆေးပဲ နေတတ်တယ် ။ သူုတစ်ပါးကိစ္စတွေကိုလဲ ကိုယ်နဲ့မဆိုင်အောင် အမြဲကြိုးစာနေတတ်တယ်။ ၀င်ပြီး စွတ်ဖက်တဲ့ သဘာဝ ကင်းတယ် ။ရန်သူကိုတောင် ဒေါသထွက်ပြီး ရင်မဆိုင်ပဲ မသိသလို့ ကိုယ့်ကို ရန်လုပ်တာ မဟုတ်သလို့ ခပ်မဆိတ်နေတတ်တယ်။ ဥပေက္ခာပြု ကျောခိုင်းနေတတ်တယ် တည်ကြည်တည်ငြိမ်ပြီး လူးသားအာလုံးကို ကိုယ်စိတ်ကမှန်တယ်ထင်တာလုပ်နေကြတာပဲတဲ့ ။ ဘာဝင်စွတ်ဖက်စရာလို့လဲဆိုတဲ့ သဘော ထားတတ်တယ် ။ ကိုယ့်ကိစ္စနဲ့ ဆိုင်တဲ့ ၀န်းကျင်အလုပ်ကို စူးစူးစိုက်စိုက် လုပ်တတ်လို့ အောင်မြင်ကြီးပွားကြပါတယ် ။ ထူးခြားချက်က အနေအေးပြီး အရာရာ ကိုမသိဘူးမထင်နဲ့ ။ အရာရာကို သိတယ် လေ့လာတယ် ။ ပတ်ဝန်းကျင်ကို အမြဲ လေ့လာနေတယ် ။ဖြစ်ပေါ်လာတဲ့ အကြောင်း ဆက်တွေအပေါ် နားလည်လွန်းလို့ အရာရာကို အပြစ်မမြင်ပဲ နေတတ်တဲ့သူ ။ အခက်အခဲတွေ ၊ ဒုက္ခတွေကို သူ့ဆီမှာ အကူညီတောင်း ကြည့်။ ကိုယ့်ပြသနာ တစ်ခုကို သူ့ပြသနာတစ်ခုလို လှိုက်လှိုက်လှဲလှဲ သဘောထာပြီး ကူညီမှာသေချာတယ် ။ကိုယ်နဲ့ မပတ်သက်သမျှ ၀င်မပါဘူး။ ကိုယ်နဲ မိတ်ဆက်မပေးသမျှ မည်မျှမျက်မှန်းတန်းနေပါစေ ပြုံးပြနှုတ်ဆက်မှာမဟုတ်ဘူး ။ ယဉ်ကျေးတယ် သိမ်မွေ့တယ် ၊ အရေကြုံလာရင် တကယ်အားထားရတယ် ။ အကယ်ကို အမြင်ကြည်လင်တဲ့ သူတွေပေါ့ ။တစ်နေ့မှာသူဟာ ဘာသာ သာသနာအတွက် တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်နိုင်သူ တွေလို့ ရှေ့ပညာရှိတွေက ဆိုပါတယ် ။

Credit - ဆရာ စံဇာဏီဘို
မယုံလည်း မရှင်းပြတော့ဘူး...ဖတ်ကြည့်တော့......

မနက်နိုးလာတော့ ခေါင်းက အရမ်းကိုက်နေသည်။ ညက လမင်းကိုကို MCမျိုး တို့နှင့်
အလွန်အကျွံသောက်ထားသည်ကိုသာ ကျနော် မှတ်မိပြီး အိမ်ကိုမည်သို့မည်ပုံ
ပြန်ရောက်လာခဲ့သည်ကို မမှတ်မိတော့။ အိပ်ရာပေါ်က အားယူပြီး ကျနော် ထလိုက်သည်။
ကုတင်ပေါ်မှ ဆင်းမည်အလုပ် ခေါင်းရင်းခုံပေါ်တွင် စာရွက်တရွက်ကိုဖိထားသော
ရေတခွက်နှင့် အကိုက်အခဲပျောက်ဆေးတချို့ကို တွေ့လိုက်သည်။ ဘေးဘီကို
ကျနော် ကြည့်လိုက်မိတော့ ကုတင်ဘေးတွင် မီးပူတိုက်ပြီးသား အသင့်ဝတ်ရန်
အ၀တ်အစားများကို တွေ့လိုက်ပြန်သည်။ ဒီနေ့က ခါတိုင်းနေ့တွေနှင့်
မတူ........ကျနော့် အတွက် နည်းနည်းတော့ ထူးဆန်းနေမိသည်။ ဆေးကိုသောက်လိုက်ပြီး
ရေခွက်အောက်က စာရွက်ကို ယူကြည့်လိုက်သည်။ စာရွက်ပေါ်တွင်. . .

မောင်... (မိန်းမက ကျနော်ကို အဲ့ဂလိုပဲခေါ်ပါသည်..ချစ်တာကို)
ခင် ဈေးသွားလိုက်ပြီ
မောင့်အတွက် မနက်စာကို စားပွဲပေါ်မှာ အဆင်သင့် ပြင်ထားပေးခဲ့တယ်။
နွေးနေတုန်း စားလိုက်ပါနော်...
မောင့်ရဲ့
ခင်

တခုခုတော့ တခုခုပဲ.. ညက မူးမူးနှင့် ကျနော် ဘာတွေပြောမိလုပ်မိလိုက်ပါလိမ့်..
လူမှန်းမသိ မူးနေတော့ ဘာကိုမှ စဉ်းစားလို့ မရခဲ့။
မေးခွန်းပေါင်းများစွာ နှင့် စားပွဲပေါ်က အုပ်ဆောင်းကို ကျနော် မ
ကြည့်လိုက်သည်။မနက်စာက အငွေ့ တထောင်းထောင်းနှင့်
တကယ့်စားချင်စဖွယ်...........ဘေးတွင် မနက်ပိုင်း သတင်းစာကို
တင်ထားသေးသည်။ မနက်စာကိုစားရန် ကျနော် ထိုင်လိုက်စဉ် အခန်းထဲမှ
သားထွက်လာသည်ကို မြင်လိုက်တော့... "သား...မနေ့ညက ဘာတွေ ဖြစ်သေးလဲ"
"အင်း.....မနေ့ညက ညဥ့်နက်မှ ဖေဖေမူးပြီး ပြန်လာတယ်လေ.. အိမ်ရောက်တော့
မေမေကို အော်ငေါက်တယ်...နောက်ပြီး တွေ့ရာပစ္စည်းတွေကိုရိုက်ခွဲတယ်..."
သား၏စကားကို ကျနော်ကောင်းကောင်း သဘောမပေါက်နိုင်သေးဘဲ ထပ်မေးလိုက်မိသည်။
"ဒါဆို ဖေဖေထလာတော့ တအိမ်လုံး သန့်ရှင်းနေတာပဲ.ရိုက်ခွဲထားတဲ့ အရာတွေလဲ
မတွေ့ပါလား.....ဒါကို သား မေမေက စိတ်မဆိုးတဲ့အပြင် ဖေဖေအတွက် အင်္ကျီတွေ
မနက်စာတွေ အဆင်သင့် ပြင်ထားသေးတယ်"
"အော် အဲဒါလား...မနေ့ညက ဖေဖေမူးပြီး ပြန်လာတော့..မေမေက စိတ်ဆိုးတာပေါ့။
ဖေဖေ အော်ငေါက်နေတဲ့ကြားထဲ မေမေက ဖေဖေ့ကို အခန်းထဲဆွဲခေါ်ပြီး အ၀တ်လဲမလို့
ဖေဖေ့ အင်္ကျီကို ချွတ်တော့ ဖေဖေက မေမေ့ကို တွန်းထုတ်ပြီး အော်လိုက်သေးတယ်"
"ဖေဖေ ဘယ်လိုအော်လိုက်သေးတာလဲ...သား"
"ကလေးမ...သွား..ငါ့အနားမလာနဲ့ ..ဝေးဝေးသွား..ငါ့မှာ အိမ်ထောင်ရှိတယ် တဲ့"

ကျနော်တစ်ယောက် ကျေကျေနပ်နပ်ကြီး ပြုံးလိုက်မိသည်။
နောက် အငွေ့ တထောင်းထောင်းထနေသော မနက်စာကို မြိန်ရည်ယှက်ရည် စားလိုက်သည်။
ဒီမနက် ကျနော်မိန်းမချက်ထားတဲ့ ထမင်းတစ်နပ်က ကျနော်ဘ၀မှာ အရသာရှိဆုံးပဲဗျာ....

အားလုံးပဲ..အဆင်ပြေပါစေ.........
ကိုမျိုးအောင်(ရွှေဂွန်းမြေ)

http://www.shwemyotaw.com/forum/topics/5442636:Topic:4692868 မှကူယူပါသည်။
ကဲ့..စာရွက်ကိုထုတ်ပြီး..ဘောပင်အဆင်သင့်ပြင်ထားတော့………
ကြိုပြောထားမယ်..အောက်ကအဖြေများကိုရေးနေစဉ်မှာ
မည်သူ့ကိုမျှမပေးဖတ်ပါနှင့်…….
သည်နည်းလေးဟာ ကောင်းလည်းကောင်း လုပ်ကြည့် ပျော်တယ်လို့ 
စကားဦးသန်းလိုက်ချင်ပါတယ်။ စုစုပေါင်းသုံးလေးမိနစ်ပဲချိန်ပေးဖို့ လိုမှာပါ။
ဒါပေမယ့် ပျော်စရာလေးပါ။
အရေးကြီးတာက ညွှန်ကြားချက်တွေအတိုင်း တစ်သဝေမသိမ်းလိုက်နာဖို့ ပါပဲ။
ညွှန်ကြားချက်တွေကို တစ်နည်းနည်း နဲ့ လှည့်ဖျားမယ်ဆိုင်တော့
အောင်မြင်မှာမဟုတ်သလို နောက်ဆုံး ကျခါမှ လှည့်ဖျားမိခဲတဲ့အတွက်
နောင်တရနေမှာလည်းအသေအချာပါ။ အဲ့တော့သုံးလေးမိနစ်လေးပဲ အချိန်ယူပြီးဒါလေးကို
စမ်းကြည့်ပါ။ ကောင်းကောင်းကြီးပျော်သွားရပါစေမယ်။


ပျော်စရာလည်းကောင်း ၊ အံ့သြစရာလည်းကောင်းတဲ့ အဖြေတွေပေါ်လာလိမ့်မယ်။

သည်နေရာကစပြီး တစ်ကြောင်းမှကျော်မဖတ်ပါနဲ့ ၊ သူ့ အစီအစဉ်အတိုင်းဖတ်ရင်း
လုပ်သွားပါ။

ကိုင်း . . . စလိုက်ကြရအောင်။

ပထမဆုံးစက စက္ကူလွတ်တစ်ရွက်နဲ့ မင်တံတစ်ချောင်းယူလိုက်ပါ။ ဘောပင်ဖြစ်ဖြစ်၊
ခဲတံဖြစ်ဖြစ်ပေါ့။
ရေးလို့ ထင်ရင်ပြီးတာပဲနော့ ။

သတိထားရမှာက လူနာမည်တွေကိုရေးတဲ့အခါ ကိုယ်နဲ့ တကယ်သိကျွမ်းနေတဲ့သူ၊ ရင်းနှီးတဲ့
သူတွေကိုသာရွေးပါ။ ပြီးတော့ စိတ်ထဲမှာ ဖျိုးကနဲ ၊ ဖျတ်ကနဲနဲ့ ပထမဆုံး
ပေါ်လာတာတွေကိုသာ ချရေးပါနော်။

ထပ်ပြောမယ်နော်။ တစ်လိုင်းချင်း ဖြည်းဖြည်းဖတ်ရင်း ဖြေသွားနော်။
လုံးဝကျော်မဖတ်နဲ့ ၊
ကျော်ဖတ်လိုက်ရင် ပျော်စရာကောင်းတော့မှာ မဟုတ်ဘူးဆိုတာ ထပ်ပြီးပြောပါရစေနော်။

စပါပြီ . . .

(က) ရှေ့ ဦးစွာ 1 မှ 11 အထိ ကို အထက်မှအောက် တန်းစီပြီး ချရေးလိုက်ပါ။
နံပါတ်စဉ်ထိုးတဲ့ သဘောပါ။
နမူနာ - 1
2
3
4
5
6
7
8
9
10
11
(ခ) ပြီးရင် နံပါတ် 1 ဘေးမှာ ကိုယ်ကြိုက်တဲ့ ဂဏန်းတစ်ခုကိုရေးလိုက်ပါ။
(ဥပမာ-တစ် မှ ကိုး (သို့ ) တစ်ရာထိ ကြိုက်ရာပါ)

(ဂ) နံပါတ် 2 ဘေးမှာလဲ ကိုယ်ကြိုက်တဲ့ ဂဏန်းတစ်ခုကိုရေးလိုက်ပါ။
(ဥပမာ-တစ် မှ ကိုး (သို့ ) တစ်ရာထိ ကြိုက်ရာပါ)

(ဃ) နံပါတ် 3 ဘေး နဲ့  နံပါတ် 7 ဘေး မှာအနီးစပ်ဆုံး ဆန့် ကျင်ဘက်များရဲ
့နာမည်များ ချရေးပါ။ (ယောက်ျားဖြေတာဆိုရင် မိန်းမနှစ်ယောက်နာမည်၊
မိန်းမဖြေတာဆိုရင် ယောက်ျားနှစ်ယောက်နာမည်တွေပဲပေါ့) (ဖျတ်ကနဲပေါ်တာနော်၊
မြန်မြန်လေး)

ထပ်ပြီးသတိပေးပါရစေ။ ကျော်မဖတ်ပါနဲ့ နော်၊ ကျော်ဖတ်ရင်
အားလုံးလွဲကုန်ပါလိမ့်မယ်။
ကောင်းပါပြီ။ အပေါ်ကညွှန်ကြားချက်တွေအတိုင်းရေးလို့ ပြီးမယ်ထင်ပါတယ်။ ဆက်မယ်နော်။

(င) နံပါတ် 4၊ 5၊ 6 ဘေးမှာ မိသားစုထဲကဖြစ်ဖြစ် ၊ မိတ်ဆွေ ၊
သူငယ်ချင်းထဲကဖြစ်ဖြစ်
ခေါင်းထဲ ပေါ်လာတဲ့ နာမည်သုံးခု ကိုချရေးလိုက်ပါဦး။
(အရင်ရေးပြီးမှဆက်ဖတ်ပါနော်)။

သတိပေးချင်ပါသေးတယ်။ အလိမ်နဲ့ ၊ မညာနဲ့ နော်။ လိမ်ညာမိရင်နောက်မှ
နောင်တရနေလိမ့်မယ်။

(စ) သီချင်းခေါင်းစဉ် လေးခုကို နံပါတ် 8 ၊ 9၊ 10 နဲ့  11 ဘေးမှာချရေးလိုက်ပါ။
(စဉ်းစားရတော့ခက်မယ်ထင်တယ်။ သီချင်းခေါင်းစဉ်မသိလဲ သီချင်းစာပိုဒ်လေးသာ
ခံစားမိသလို ဖျတ်ကနဲပေါ်တာတွေသာချရေးလိုက်နော်။ အကြာကြီးစဉ်းစားမနေနဲ့ )

(ဆ) ကဲ . . . အားလုံးပြီးသွားပြီနော်။ ပြီးသွားပြီဆိုရင် လိုရာဆုတောင်းလိုက်ပါ။

အားလုံးသေချာပြီဆိုရင်တော့အဖြေတွေကို ကြည့်လိုက်တော့နော်

အခုတောင်းတဲ့ဆုလေးပြည့်ချင်တယ်ဆိုရင် အခုအမေးအဖြေလေးတွေအကြောင်းကို
နံပါတ် 1 မှာ သင်ရေးထားတဲ့ ဂဏန်းအတိုင်း (လူအရေအတွက်)စေ့အောင် နံပါတ် 2 မှာ
သင်ရေးထားတဲ့ ကဏန်းအတိုင်း (ရက်အတွင်း)ပြောလိုက်ပါ။ ဒါဆိုဆုတောင်း
တွေမကြာခင်ပြည့်လာပါလိမ့်မယ်။ (ဒါတော့ ချင့်ယုံပါလို့ ပြောချင်တယ်
နောက်ပိုင်းအဖြေလေးတွေက စိတ်ဝင်စားစရာကောင်းပါတယ်။ ဖတ်ကြည့်ဦးနော်)
နံပါတ် 3 ဘေးမှာရေးထားတဲ့ သူနာမည်က ကိုယ်ချစ်တဲ့သူတဲ့။ (ဟုတ်ပါရဲ့ လား)
နံပါတ် 7 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့သူ။ ကိုယ်နဲ
့သိပ်တော့လည်းမတိုက်ဆိုင်တဲ့သူပါတဲ့။
နံပါတ် 4 ဘေးမှာရေးထားတဲ့ သူကိုကျတော့ ကိုယ်ကဂရုအစိုက်မိဆုံး၊
အလေးပေးမိဆုံးပါတဲ့။
နံပါတ် 5 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ့်ကို ကောင်းကောင်း သိရှိနားလည်
သူပေပဲပေါ့။
နံပါတ် 6 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ့်အတွက်ကံကောင်း စေမယ့်သူပါပဲ။
နံပါတ် 8 ဘေးမှာရေးထားတဲ့ သီချင်းခေါင်းစဉ်လေးကတော့ နံပါတ် 3 ကသူနဲ
့လိုက်ဖက်တဲ့ သီချင်းလေးပါ။
နံပါတ် 9 ဘေးမှာရေးထားတဲ့ သီချင်းခေါင်းစဉ်လေးကတော့ နံပါတ် 7 ကသူအတွက်ပေါ့နော်။
နံပါတ် 10 ဘေးမှာရေးထားတဲ့ သီချင်းကတော့ကိုယ့်စိတ်ကို
အများဆုံးရောင်ပြန်ဟပ်နေတဲ့ သီချင်းပါတဲ့။
နံပါတ် 11 ဘေးကသီချင်းကတော့ ကိုယ့်ဘ၀ခံယူချက်ကိုထင်ဟပ်နေပါ လိမ့်မယ် ။
* * * * * * * * * *
ကဲ သူငယ်ချင်းတို့ ရေ နည်းနည်းတော့ဆန်းလိမ့်မယ်လို့ ယုံကြည်ပါတယ်။
အပျင်းပြေလေးနဲ့ ကျေနပ်မယ်ဆိုရင် ဒီစာလေးကိုပြန်ရိုက်ပြီးဖော်ပြ
ကျိုးလေးနပ်ပြီ။ ကျေးဇူးတင်ပါတယ်။
http://myozawu.page.tl/&%234118%3B&%234112%3B&%234153%3B&%234101%3B&%234123%3B&%234140%3B.htm မှကူးယူဖေါ်ပြပါသည်။အမေးအဖြေလေးက လွန်ခဲ့တဲ့ 2000 ခုနှစ် နှစ်ကုန်ပိုင်းလောက်
တုန်းက အလင်းတန်းဂျာနယ်မှာ စာရေးဆရာအတ္တကျော်ရေးသားတင်ပြထားပါတယ်..
အမှတ်တရလေးများ

ဒီနေ့ဖေဖေါ်ဝါရီ(၁၄) ..ကျနော်နဲ့လည်းမဆိုင်ပါဘူး..
အဖွဲ့ကိုတည်ထောင်ထားသူတစ်ယောက်နေနဲ့.ပို့စ်တစ်ခုခုတင်ပေးရမှာပဲ..
တင်စရာ လဲမရှိဘူး..ရှိတာဆိုလို့ကိုယ့်အကြောင်းပဲရှိတယ်..
ကျနော့်အကြောင်းတွေပြောဖို့လည်းရှက်ပါတယ်ဗျာ..
ရတယ်လေ..ကျနော့်ရဲ့မကောင်းတဲ့အကျင့်တွေထဲမှာ..သောက်ရှက်မရှိတာလည်းပါတယ်..
ရှေ့မျက်နှာနောက်ထားပြီးပဲရေးတော့မယ်(ရှေ့မျက်နာကနောက်မှာထားလို့မရလို့ပါ).
အဲ့ဂလိုနဲ့….
အိပ်မောကျနေတဲ့ ဒဏ်ရာတွေကို ပြန်ခေါ်နိုးနေတာမဟုတ်ပါဘူး..
လူတိုင်းတော့တစ်ချိန်ချိန်မှာ အချစ်ဆိုတာကို ရင်ဘက်ပေါ်တင်ပြီး
အိပ်စက်ခဲ့ဖူးမှာပါ..ဒီလိုပါပဲ..အမှတ်တမဲ့အချိန်တွေဟာအမှတ်တရနဲ့..
ဘ၀ရဲ့စာရွက်ကြမ်းတွေထဲမှာ ..နေရာယူနေတာ..
ခုထိခဲဖျက်မတွေ့သေးဘူးမလား….
ကျနော်လည်းဘာထူးလို့လဲ…ဒါကြောင့်(ချစ်သူများ)နေ့
အမှတ်တရအနေနဲ့ ခေါက်ရိုးကျေပြီးသား
အလွမ်းတွေကို တစ်ခွက်နဲ့တစ်ခွက်ကြားမှာ
ဖြေးဖြေးချင်းပြောပြမယ်…..
ကျနော်သူ့ကိုစပြီးသတိထားမိတဲ့နေ့က စပြောမယ်…
အဲ့ဒီနေ့ ဘာနေ့မှန်းလည်းမသိတော့ဘူး…
သူနဲ့ကျနော် အဆက်သွယ်ဝေးတဲ့.သွေးအေးတဲ့ကလေးဘ
အဖြုအစိမ်းဝတ်တဲ့အရွယ်ပေါ့..
သူက(၈)တန်း ကျနော်က(၁၀)တန်း..
အချစ်ဆိုတဲ့သင်ခန်းစာကိုစသင်မိတဲ့နေ့ ခုတော့လည်း စာမကျက်တဲ့
ကျောင်းသားတစ်ယောက်လို.သင်ခန်းစာမကျေတော့ စာမေးပွဲကျခဲ့ရတာပေါ့..
``အချစ်ဆိုတာ…
တစ်ခါတစခါ တပ်မက်ဖွယ်ညွတ်ကွင်း
တစ်ခါတစ်ခါ ကျတော့ နှောက်ယှက်တဲ့ခြေကျဉ်း``တဲ့
မှတ်မိနေတာခုထိပါပဲ..
သတင်းလေးတောင်မပေးပဲ ရုတ်တရက်ရွာချထားတဲ့မိုးကြောင့်
ပတ်ဝန်းကျင်ဟာ စိမ်းစိမ်းစိုစို နဲ့ တန်းပြန်အသက်ဝင်နေတယ်..
ကျောင်းတက်ချိန်မကျသေးခင် ကျနော်တစ်ယောက်တည်း
(မုန့်စားတန်းကပြန်လာတာ..အဖေါ်ခေါ်သွားရင်ကျွေးရမှာစိုးလို့)
အေးအေးလူလူပဲအခန်းဘက်ကိုပြန်လာတယ်.
အတွေးထဲမှာက တွက်မရတဲ့သင်္ချာပုဒ်စာတစ်ပုဒ်ကို
အဖြေထုတ်ရင်းနဲ့…
ဗြုန်း ဆိုကောင်မလေး(၅)ယောက် ကျနော့်ရှေ့တည့်တည့်က လမ်းလျှောက်လာတယ်
သူတို့ငါးယောက်က စစ်သားလူထွက်တွေလို ခြေလှမ်းညီညီနဲ့
လမ်းလျှောက်လာတာ ကော်ရစ်ဒါ လမ်းအပြည့်
နဂိုကတည်းက ကျနော်က ကြောင်တောင်တောင် နိုင်တဲ့ လူရယ်ပါ
စိတ်ကူးနဲ့တွက်နေတဲ့သင်္ချာပုဒ်စာ ပျောက်သွားပြီ သူတို့ပေးတဲ့မေးခွန်း
ဘယ်ဘက်ကို ရှင်ရှောင်မလဲဆိုတဲ့အဖြေကို ကျနော် အပြေးလွားစဉ်းစားနေရတယ်…
သိုင်းတက်ရင်လည်းကောင်းသား..၀ှစ်ကနဲဆို ဟိုဘက်ကိုရောက်သွားမှာ..
ကနွဲ့ကလျလမ်းလျှောက်လာတဲ့သူမတိုကို့..ကျနော့်အမြင်မှာ..
လူကြမ်းကြီးငါးယောက်ကျနော့်ရှေ့က ပိတ်ရပ်ထားသလိုပဲ..
ရေစိုနေတဲ့ ကွန်ကရစ်လမ်းက ကျနော်ကို ကောင်းကောင်းကြီး
ပညာပြလိုက်တယ်..
ကျနော်ခြေလှမ်းတစ်ချက်အလှမ်း…ရွှံ့နဲ့ရောပြီ စိုစွတ်နေတဲ့
ကြမ်းပြင်ကို ကျနော်ခြေချမိတယ်…
ဘုန်း ကနဲ့ ကျနော်ပစ်လဲကျသွားတယ်..
ချောလဲ တယ်ဆိုတာ ..ကလေးဘ၀က အော်ငိုလို့ရပေမယ်
ခုချိန်မှာ ကျနော် ဘယ်လိုအော်ငိုလို့ရမှာလဲ…
ကျနော်တစ်ယောက်ချော်လဲလို့အော်ငိုနေတယ်ဆိုတဲ့ အကြောင်း
တစ်ကျောင်းလုံးကသိသွားရင်ရှက်စရာကြီး….
ကျနော်မငိုပေမယ့်..ရယ်နေတဲ့လူတွေရှိတယ်…
လူရွှင်တော်တစ်ယောက်ရဲ့ဟာသပြကွက်တစ်ခုကို
ကြည့်ရသလို သူမတို့တစ်တွေအော်ရီနေကြတာ..
မနာလိုစရာတောင်ကောင်းတယ်….
လူကြီးရှက်တော့ရယ်တယ် ဆိုတဲ့အတိုင်းကျနော်လိုက်ရယ်
ချင်ပေမယ့်..ကျနော်က မျက်မှန်ကြီးတစ်ကာကားနဲ့..ကျောင်းအုပ်
ဆရာကြီးလို လူကြီးမှ မဟုတ်တာ..ဒီလိုနဲ့ကျနော် မရယ်ဖြစ်ခဲ့ပါဘူး…
သူမတို့တစ်တွေ ရယ်နေကြတဲ့ချိန်မှာ…လုံးဝမရယ်ပဲ..ကျနော်ကို
ကြည့်နေတဲ့သူတစ်ယောက်ပါတယ်….သူ့ရဲ့အကြည့်မှာ…
``သူတကယ်ရှက်သွားမယ်၊ သူတကယ်သ်နာသွားလိမ်မယ်``..
ဆိုတဲ့ဂရုဏာစိတ်နဲ့ကြည့်တဲ့ အကြည့်တွေကို သူ လှမ်းမပြောလည်း
ကျနော်တွေ့နေရတယ်…
သူ…လုံးဝမရယ်ပါဘူး…ရယ်နေတဲ့လူ (၄)ယောက်ထဲက သူ….
တည့်တည့်ပဲ..ကျနော့်ဆီကို သူလျှောက်လာတယ်…
အနားရောက်တော့ ဘာမှမပြောဘူး…လွင့်ကျနေတဲ့..လွယ်အိပ်
ပြုတ်ကျနေတဲ့ စာအုပ်တစ်အုပ်ကို…သူကောက်ပေးတယ်..
သူကမ်းပေးတဲ့..စာအုပ်ကိုလှမ်းယူရင်းနဲ့….
သူနဲ့ကျနော်…မျက်လုံးချင်းဆုံမိတယ်…
ရယ်သံတွေပျောက်ဆုံးသွာတယ်….
ကျနော်ရင်ထဲမှာ..ဗုန်းတစ်လုံး..ပေါက်ကွဲသွားတယ်..
အနီးနားမှာရှိပမယ့်…
သူ………..မကြားဖြစ်လိုက်ဘူး……
……. ….. ……………. ……………..
တစ်ခါက…
တိမ်းညွှတ်ဖူးတဲ့ မျက်ဝန်းလေးဆီ
ရယ်သံတွေ လူးလွန့်ဖူးတဲ့ ညချမ်းလေးဆီ
ရင်မြေလွှာမှာ ကိုယ့်အမျှော်တွေ ပွင့်တဲ့ပန်း
ညီမလေးရေ…
မင်းရဲ့နာမည်ပဲဖြစ်မှာ…
စကားတွေနစ်မယ့်နွံထဲ
အမှားတွေ မကျွံစေလွန်ဘူး
ငါတို့တွေ ဖြူစင်လွန်းခဲ့ပါတယ် ။
( မြစ်တိုးအောင်)

ဒီလိုနဲ့ပဲ…သူနဲ့ကျနော်..
သူငယ်ချင်းထက်ပိုတဲ့ ငါးရာနှစ်ဆယ့်ရှစ်အပေါင်းတစ်
ဆိုတဲ့သံယောဇဉ်ကြိုးနဲ့ချည်နှောင်မိဖို့
ကျနော့်ရဲ့ အချောမသတ်ရသေးတဲ့ ဘ၀ကြမ်းရှရှရဲ့
စာမျက်နှာမှာ စပြီးရေးမိခဲ့တယ်…..
သူ့တွက်ကျနော်..စာတွေရေးတယ်.
ကဗျာတွေရေးတယ်…သူဖတ်ဖို့ပါ…
ဒါပေမယ့် ကျနော့်ရဲ့စာ (၄)းစောင်ဆိုရင်
သူ့ ရဲ့သူငယ်ချင်းတွေက..ငါးစောင်လောက်ဖတ်ပြီးနေတယ်…
နောက်တော့သူက ကျနော့်ကိုစကားတစ်ခွန်းပြောတယ်..
``စာတွေကဗျာတွေမလိုဘူး .. …ကဗျာလည်းငါမခံစားတက်ဘူး
စာလည်းဖတ်ဖို့ဝါသနာမပါဘူး..ငါက ကိုယ်တိုင်ပြောတာပဲလိုချင်တယ်``
လပြည့်ည…
ကောင်ကင်တစ်ခုလုံးကြည့်လင်နေတယ်
လရောင်ကြောင့် ကြယ်လေးတွေရဲ့ အလင်းဟာ..မှိတ်တစ်ခါ လင်းတစ်လှည့်
ညရဲ့အလှကို ပိုပြီအသက်ဝင်အောင်ဖန်တီးနေတယ်…
လရိပ်ကြောင့်ကျိုးတိုးကျဲတဲကျနေတဲ့..ကုက္ကိုပင်အောက်မှာ..ကျနော်နဲ့
သူငယ်ချင်းတွေ ဂစ်တောခေါက်နေတယ်…ကျနော်ခုမှသတိရတယ်..
သူ ပြောထားတဲ့စကားတွေကို…ခုချိန်ဆို သူရဲ့အိမ်ရှေ့ခုံလေးမှာ
လရောင်ကိုငေးကြည့်ရင်းသူထိုင်နေကျ….ကျနော်သူ ဆီကိုသွားဖို့
သူငယ်ချင်းဆီက ကျနော်ထွက်လာခဲ့တယ်…
ကျနော်ထင်တဲ့အတိုင်းပဲ…သူတစ်ယောက်တည်း…အဝေးကိုငေးကြည့်နေတယ်
သူကြည့်တဲ့ဘက် ကျနော်လိုက်ကြည့်တာ ဘာမှလဲမတွေ့ပါဘူး…..
သူ့နားမှာကျနော်ဝင်ထိုင်လိုက်တယ်…
``နင်ဘာ လာလုပ်တာလဲ မအိပ်သေးဘူးလား``
``မအိပ်ချင်ပါဘူးဟာ..
လသာတဲ့ညတွေမှာ ငါအိပ်ရမှာ..
လမင်းကြီးကိုအားနာသလိုပဲ..
ဒါကြောင့်ငါမအိပ်သေးတာ
နင်ရော..တစ်ယောက်တည်း
ဘာထိုင်လုပ်နေတာလဲ``
သူဘာမှပြန်မပြောပါ…အဝေးကိုပဲငေးကြည့်နေတယ်..
ငါနင့်ကို ပြောစရာရှိတယ်ဆိုတော့..
သူက..လမင်းကြီးကိုမော့ကြည့်ရင်ပြောတယ်
ပြောလေ.. …သူကပြောခွင့်ပေးတောင် ကျနော် နူတ်ဖြားက ဘာစကားမှထွက်မလာဘူး
စဉ်းစားထားခဲ့တာတွေ.အများကြီး..ဒီစကားတွေဘယ်ရောက်ကုန်ပြီလဲ..
သူတော့မသိဘူး..ကျနော်တစ်ကိုယ်လုံးပူထူနေတယ်…ရင်တွေခုန်နေတာလား
တကယ်ပါ..သူ..သာတကယ်ကြည့်ခွင့်ရှိမယ်ဆိုရင်..ကျနော့်ရဲ့တီရှပ်အိင်္ကျီပြာလေးအောက်က
ရင်ဘက်ကြီးထဲကို..လှမ်းကြည့်ခိုင်းချင်တယ်..သူ ကိုတကယ်ချစ်တဲ့ကျနော့်နှလုံးသား
ဘယ်လောက်ထိ..ခုန်နေသလဲဆိုတာ……
``ငါ..ငါ…နင့်ကို….´´
အသံကထွက်မလာတော့ဘူး…ကျနော်ပြောလိုက်ရင်သူစိတ်ဆိုးသွားမှာလဲကြောက်တယ်
မပြောရင်လည်းကျနော်တစ်ယောက်..နေလို့မတက်ဘူး…
အဲ့ဒီချိန်မှာသူက ကျနော့်ဘက်လှည့်ပြီ….
``နင် ကိုငါချစ်တယ် နင်ပြောမယ်မဟုတ်လား``
သူဘယ်လိုများသိသွားပါလိမ့်……………
ကျနော်..တဒင်္ဂငြိမ်သက်သွားတယ်..ဒါမှမဟုတ်အရာအားလုံး
တိတ်ဆိတ်သွားတယ်…
တိုးညင်းစွာနဲ့ကျနော်..ပြန်ဖြေမိတယ်………….
``အေ..ငါပြောမလို့``

ကျနော်ပြောလိုက်တော့သူက လက်ကလေးအုပ်ပြီးရယ်ပါတယ်…
ဖယောင်းလိုသွယ်တန်းတဲ့သူ့လက်ချောင်းလေးတွေ..
ကျနော်ကိုင်ကြည့်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးတာပေါ့..
လေတစ်ချက်အဝေ့မှာ..စပယ်ရနံ့တွေသင်းပြီးပါလာတယ်..
ရယ်နေရာကနေ..သူတစ်ချက်ပြန်တည်ပြီးတော့…
``နင့် ကို နားလည်ပါတယ်
ငါစိတ်မဆိုးပါဘူး``
အရာအားလုံးပြန်ပြီအသက်ဝင်လာတယ်. ..ကျနော့်ရင်တစ်ခုလုံး အပျော်တွေကြောင့်.ကောင်ကင်ကကြယ်ကလေးတွေ
တစ်ဖျက်ဖျက်နဲ့လင်းလက်လာခဲ့တယ်..
ပျော်တယ်ဗျာ..အဲ့ဒီညလေးဟာ..ကျနော့်ဘ၀မှာ..အပျော်ရွှင်ဆုံးပါပဲ…
လိုချင်တာ ရရှိလိုက်တဲ့ ကလေးတစ်ယောက်ရဲ့ပျော်ရွှင်မှုနဲ့..
အနက်ရှိုင်းဆုံးပျော်ရွှင်မိခဲ့တာ…မှတ်မိသေးတယ်ဗျာ………..
ဒီလိုနဲ့………………………….
အရာရာတိုင်းဟာ..ဒင်္ဂပြားတစ်ခုမှာရှိတဲ့ ခေါင်းနဲ့ပန်းလိုပါပဲ..
ပျော်ရွှင်ခြင်းရဲ့နောက်မှာ.၀မ်းနည်းကြေကွဲခြင်းကအမြဲလိုက်ပါတက်ပါတယ်။
အားနည်းချက်အာသာချက်ဆိုတဲ့အကြောင်းပြချက်တစ်ခုကိုထုတ်ပိုးပြီး
ကျနော်ခရီးဆက်ခဲ့တာ..ခြေလှမ်းတွေဘယ်ထိရောက်ကုန်ပြီလဲမသိပါဘူး..
ဒဏ္ဍာရီမဆန်ပေမယ့် ရတဲ့သူကတော့ ဒဏ်ရာတွေပဲဆိုတာခုချိန်မှာ
သူတစ်ယောက် နားလည်လောက်ပါတယ်…
စာဖတ်ချင်တဲ့ကျနော်နဲ့ စာဖတ်ဖို့စိတ်မပါတဲ့သူ
ကဗျာကိုမခံစားတက်တဲ့သူနဲ့ ကဗျာတစ်ပုဒ်ကို
အဟာရတစ်ခုလိုမှီဝဲတက်တဲ့ကျနော်.
.ပကာသန..ကို သူမက်မောသလောက်
သရေဖိနပ်လေးတစ်ရံရှိရင် ခရီးတွင်ပြီးဆိုတဲ့ကျနော်..
ဆန့်ကျင်ဘက်တွေကြားထဲမှာစတေးခံလိုက်ရတာက
ကျနော့်နှလုံးသားလေးပါ..ပြန်မရနိုင်တော့တဲ့ အရာတစ်ခုကို
ပြန်လိုချင်နေတဲ့သူတွက် ရရှိလိုက်တာက အလွမ်းဆိုတဲ့
ကျွမ်းလောင်စေတက်တဲ့ နာကျည်းမှုတွေပဲပေါ့……..
ဝေးခဲ့ပြီ..ဝေးသွားခဲ့ပြီ….
ဝေးသွားခဲ့တာဝေးသွားလို့ပဲပေါ့……….
ပြီးပါပြီလို့သူ့ဘက်ကစာတန်းထိုးနေတော့ ကျနော်ဘက်ကလည်း
ဆက်ရန်ဆိုတာကို..ဘယ်လိုမှ..ကျနော့် မာန နဲ့ဆက်မဖက်တော့ပါဘူး..
အစရှိပြီး အဆုံးသတ်မလှတဲ့ ပုံပြင်တစ်ပုဒ်ကို..ကျနော်ထုတ်ဖတ်မိတာ
ကျနော့် ရဲ့အမှားပါ…
မှားခဲ့ပါတယ်..
ထပ်ပြီးမှားဦးမလား..
ထပ်ပြီးမှားရင်အမှန်ရဖို့ကျနော်..တွက်နီးစပ်နေပြီးမဟုတ်လား…

အမှတ်တမဲ့နဲ့လှည့်ကြည့်မိတော့
ချစ်သူ့ခြေလှမ်းများရဲ့ရနံ့
သင်းပျံ့လို့နေဆဲ………….
အလင်းသဲ့သဲ့ကိုကြားတဲ့အခါ
အိပ်မက်ပြာတို့ထပျံသွား
တစ္တေရောင်တံခါးတစ်ချပ်
ဖျတ်ကနဲ ပိတ်
တိတ်ဆိတ်မှုတွေသာ လင်းညိုကျလာခဲ့။
ကြေကွဲလွယ်တာမှန်ခဲ့ပါရဲ့
ဒါပေမယ့်
မေ့ဖို့တော့မလွယ်ခဲ့မိဘူး
သတိရမိတိုင်း ရေးခြယ်နေမိတဲ့ အိပ်မက်တွေ
စနစ်ကျစွာပရမ်းပတာဖြစ်လို့။
ဆက်ဆွဲလို့မရတော့တဲ့ပန်းချီကားတစ်ချပ်လို
ဆေးသားတွေလည်းအက်ကွဲရင့်ရော်
ကမ်းမကပ်နိုင်သေးတဲ့မျှော်လင့်ချက်တွေကလည်းဝေး
ဆုတောင်းသံတွေလည်းအေးစက်
အသက်ရှူရလည်းခက်နေခဲ့ပေါ့။
အရာရာဟာ
သံသရာအထပ်ထပ်
ပြတ်သားစွာ..ဝေးကွာသွားခဲ့ပေမယ်
အဲဒီခြေသံလေးကတော့
အရောင်တွေတောက်ပနေဆဲ။ ။
မနော်ဟရီ
ကဗျာတစ်ပုဒ်ကို တစ်ခါထပ်ဆိုပြရင်းနဲ့..
တစ်ခွက်နဲ့တစ်ခွက်ကြားမှာ ကျနော်….
စတုတ္ထနိဗာန်ကအပြန်မှာ လမင်းကိုကို ဖခုံးကိုဖတ်ပြီ..
အက်ကွဲသံကြီးနဲ့..``လမင်းကိုကို ညီလေး မင်းသိလား
*အချစ်ဆိုတာ ဓားသွားပေါ်ကပျားရည်စက်တဲ့
ဘယ်သူက
ပျားရည်ကြီးပဲလျှက်သွားတယ်မသိဘူ
တောက်………ငါ့အလှည့်ကျတော့ဓားသွား
ကြီးပဲကျန်ခဲ့တယ်….*
ဟား….ဟာ……….ငါမမူးသေးဘူး..ငါမမူးသေးဘူး..
``ဘုန်း``
ကျနော်ပစ်လဲကျသွားပါတော့သည်…………
(*)မှီငြမ်းထားသော…
ဖေဖေါ်ဝါရီ(၁၄)
အမှတ်တရ………
ကိုမျိုးအောင်(ရွှေဂွန်းမြေ)…………