ကျနော်နေရာလေးကို ရောက်လာတဲ့ သူငယ်ချင်းကို အများကြီးကျေးဇူးတင်ရှိပါတယ်ဗျာ

Saturday, March 16, 2013

အမှတ်တရလေးများ

ဒီနေ့ဖေဖေါ်ဝါရီ(၁၄) ..ကျနော်နဲ့လည်းမဆိုင်ပါဘူး..
အဖွဲ့ကိုတည်ထောင်ထားသူတစ်ယောက်နေနဲ့.ပို့စ်တစ်ခုခုတင်ပေးရမှာပဲ..
တင်စရာ လဲမရှိဘူး..ရှိတာဆိုလို့ကိုယ့်အကြောင်းပဲရှိတယ်..
ကျနော့်အကြောင်းတွေပြောဖို့လည်းရှက်ပါတယ်ဗျာ..
ရတယ်လေ..ကျနော့်ရဲ့မကောင်းတဲ့အကျင့်တွေထဲမှာ..သောက်ရှက်မရှိတာလည်းပါတယ်..
ရှေ့မျက်နှာနောက်ထားပြီးပဲရေးတော့မယ်(ရှေ့မျက်နာကနောက်မှာထားလို့မရလို့ပါ).
အဲ့ဂလိုနဲ့….
အိပ်မောကျနေတဲ့ ဒဏ်ရာတွေကို ပြန်ခေါ်နိုးနေတာမဟုတ်ပါဘူး..
လူတိုင်းတော့တစ်ချိန်ချိန်မှာ အချစ်ဆိုတာကို ရင်ဘက်ပေါ်တင်ပြီး
အိပ်စက်ခဲ့ဖူးမှာပါ..ဒီလိုပါပဲ..အမှတ်တမဲ့အချိန်တွေဟာအမှတ်တရနဲ့..
ဘ၀ရဲ့စာရွက်ကြမ်းတွေထဲမှာ ..နေရာယူနေတာ..
ခုထိခဲဖျက်မတွေ့သေးဘူးမလား….
ကျနော်လည်းဘာထူးလို့လဲ…ဒါကြောင့်(ချစ်သူများ)နေ့
အမှတ်တရအနေနဲ့ ခေါက်ရိုးကျေပြီးသား
အလွမ်းတွေကို တစ်ခွက်နဲ့တစ်ခွက်ကြားမှာ
ဖြေးဖြေးချင်းပြောပြမယ်…..
ကျနော်သူ့ကိုစပြီးသတိထားမိတဲ့နေ့က စပြောမယ်…
အဲ့ဒီနေ့ ဘာနေ့မှန်းလည်းမသိတော့ဘူး…
သူနဲ့ကျနော် အဆက်သွယ်ဝေးတဲ့.သွေးအေးတဲ့ကလေးဘ
အဖြုအစိမ်းဝတ်တဲ့အရွယ်ပေါ့..
သူက(၈)တန်း ကျနော်က(၁၀)တန်း..
အချစ်ဆိုတဲ့သင်ခန်းစာကိုစသင်မိတဲ့နေ့ ခုတော့လည်း စာမကျက်တဲ့
ကျောင်းသားတစ်ယောက်လို.သင်ခန်းစာမကျေတော့ စာမေးပွဲကျခဲ့ရတာပေါ့..
``အချစ်ဆိုတာ…
တစ်ခါတစခါ တပ်မက်ဖွယ်ညွတ်ကွင်း
တစ်ခါတစ်ခါ ကျတော့ နှောက်ယှက်တဲ့ခြေကျဉ်း``တဲ့
မှတ်မိနေတာခုထိပါပဲ..
သတင်းလေးတောင်မပေးပဲ ရုတ်တရက်ရွာချထားတဲ့မိုးကြောင့်
ပတ်ဝန်းကျင်ဟာ စိမ်းစိမ်းစိုစို နဲ့ တန်းပြန်အသက်ဝင်နေတယ်..
ကျောင်းတက်ချိန်မကျသေးခင် ကျနော်တစ်ယောက်တည်း
(မုန့်စားတန်းကပြန်လာတာ..အဖေါ်ခေါ်သွားရင်ကျွေးရမှာစိုးလို့)
အေးအေးလူလူပဲအခန်းဘက်ကိုပြန်လာတယ်.
အတွေးထဲမှာက တွက်မရတဲ့သင်္ချာပုဒ်စာတစ်ပုဒ်ကို
အဖြေထုတ်ရင်းနဲ့…
ဗြုန်း ဆိုကောင်မလေး(၅)ယောက် ကျနော့်ရှေ့တည့်တည့်က လမ်းလျှောက်လာတယ်
သူတို့ငါးယောက်က စစ်သားလူထွက်တွေလို ခြေလှမ်းညီညီနဲ့
လမ်းလျှောက်လာတာ ကော်ရစ်ဒါ လမ်းအပြည့်
နဂိုကတည်းက ကျနော်က ကြောင်တောင်တောင် နိုင်တဲ့ လူရယ်ပါ
စိတ်ကူးနဲ့တွက်နေတဲ့သင်္ချာပုဒ်စာ ပျောက်သွားပြီ သူတို့ပေးတဲ့မေးခွန်း
ဘယ်ဘက်ကို ရှင်ရှောင်မလဲဆိုတဲ့အဖြေကို ကျနော် အပြေးလွားစဉ်းစားနေရတယ်…
သိုင်းတက်ရင်လည်းကောင်းသား..၀ှစ်ကနဲဆို ဟိုဘက်ကိုရောက်သွားမှာ..
ကနွဲ့ကလျလမ်းလျှောက်လာတဲ့သူမတိုကို့..ကျနော့်အမြင်မှာ..
လူကြမ်းကြီးငါးယောက်ကျနော့်ရှေ့က ပိတ်ရပ်ထားသလိုပဲ..
ရေစိုနေတဲ့ ကွန်ကရစ်လမ်းက ကျနော်ကို ကောင်းကောင်းကြီး
ပညာပြလိုက်တယ်..
ကျနော်ခြေလှမ်းတစ်ချက်အလှမ်း…ရွှံ့နဲ့ရောပြီ စိုစွတ်နေတဲ့
ကြမ်းပြင်ကို ကျနော်ခြေချမိတယ်…
ဘုန်း ကနဲ့ ကျနော်ပစ်လဲကျသွားတယ်..
ချောလဲ တယ်ဆိုတာ ..ကလေးဘ၀က အော်ငိုလို့ရပေမယ်
ခုချိန်မှာ ကျနော် ဘယ်လိုအော်ငိုလို့ရမှာလဲ…
ကျနော်တစ်ယောက်ချော်လဲလို့အော်ငိုနေတယ်ဆိုတဲ့ အကြောင်း
တစ်ကျောင်းလုံးကသိသွားရင်ရှက်စရာကြီး….
ကျနော်မငိုပေမယ့်..ရယ်နေတဲ့လူတွေရှိတယ်…
လူရွှင်တော်တစ်ယောက်ရဲ့ဟာသပြကွက်တစ်ခုကို
ကြည့်ရသလို သူမတို့တစ်တွေအော်ရီနေကြတာ..
မနာလိုစရာတောင်ကောင်းတယ်….
လူကြီးရှက်တော့ရယ်တယ် ဆိုတဲ့အတိုင်းကျနော်လိုက်ရယ်
ချင်ပေမယ့်..ကျနော်က မျက်မှန်ကြီးတစ်ကာကားနဲ့..ကျောင်းအုပ်
ဆရာကြီးလို လူကြီးမှ မဟုတ်တာ..ဒီလိုနဲ့ကျနော် မရယ်ဖြစ်ခဲ့ပါဘူး…
သူမတို့တစ်တွေ ရယ်နေကြတဲ့ချိန်မှာ…လုံးဝမရယ်ပဲ..ကျနော်ကို
ကြည့်နေတဲ့သူတစ်ယောက်ပါတယ်….သူ့ရဲ့အကြည့်မှာ…
``သူတကယ်ရှက်သွားမယ်၊ သူတကယ်သ်နာသွားလိမ်မယ်``..
ဆိုတဲ့ဂရုဏာစိတ်နဲ့ကြည့်တဲ့ အကြည့်တွေကို သူ လှမ်းမပြောလည်း
ကျနော်တွေ့နေရတယ်…
သူ…လုံးဝမရယ်ပါဘူး…ရယ်နေတဲ့လူ (၄)ယောက်ထဲက သူ….
တည့်တည့်ပဲ..ကျနော့်ဆီကို သူလျှောက်လာတယ်…
အနားရောက်တော့ ဘာမှမပြောဘူး…လွင့်ကျနေတဲ့..လွယ်အိပ်
ပြုတ်ကျနေတဲ့ စာအုပ်တစ်အုပ်ကို…သူကောက်ပေးတယ်..
သူကမ်းပေးတဲ့..စာအုပ်ကိုလှမ်းယူရင်းနဲ့….
သူနဲ့ကျနော်…မျက်လုံးချင်းဆုံမိတယ်…
ရယ်သံတွေပျောက်ဆုံးသွာတယ်….
ကျနော်ရင်ထဲမှာ..ဗုန်းတစ်လုံး..ပေါက်ကွဲသွားတယ်..
အနီးနားမှာရှိပမယ့်…
သူ………..မကြားဖြစ်လိုက်ဘူး……
……. ….. ……………. ……………..
တစ်ခါက…
တိမ်းညွှတ်ဖူးတဲ့ မျက်ဝန်းလေးဆီ
ရယ်သံတွေ လူးလွန့်ဖူးတဲ့ ညချမ်းလေးဆီ
ရင်မြေလွှာမှာ ကိုယ့်အမျှော်တွေ ပွင့်တဲ့ပန်း
ညီမလေးရေ…
မင်းရဲ့နာမည်ပဲဖြစ်မှာ…
စကားတွေနစ်မယ့်နွံထဲ
အမှားတွေ မကျွံစေလွန်ဘူး
ငါတို့တွေ ဖြူစင်လွန်းခဲ့ပါတယ် ။
( မြစ်တိုးအောင်)

ဒီလိုနဲ့ပဲ…သူနဲ့ကျနော်..
သူငယ်ချင်းထက်ပိုတဲ့ ငါးရာနှစ်ဆယ့်ရှစ်အပေါင်းတစ်
ဆိုတဲ့သံယောဇဉ်ကြိုးနဲ့ချည်နှောင်မိဖို့
ကျနော့်ရဲ့ အချောမသတ်ရသေးတဲ့ ဘ၀ကြမ်းရှရှရဲ့
စာမျက်နှာမှာ စပြီးရေးမိခဲ့တယ်…..
သူ့တွက်ကျနော်..စာတွေရေးတယ်.
ကဗျာတွေရေးတယ်…သူဖတ်ဖို့ပါ…
ဒါပေမယ့် ကျနော့်ရဲ့စာ (၄)းစောင်ဆိုရင်
သူ့ ရဲ့သူငယ်ချင်းတွေက..ငါးစောင်လောက်ဖတ်ပြီးနေတယ်…
နောက်တော့သူက ကျနော့်ကိုစကားတစ်ခွန်းပြောတယ်..
``စာတွေကဗျာတွေမလိုဘူး .. …ကဗျာလည်းငါမခံစားတက်ဘူး
စာလည်းဖတ်ဖို့ဝါသနာမပါဘူး..ငါက ကိုယ်တိုင်ပြောတာပဲလိုချင်တယ်``
လပြည့်ည…
ကောင်ကင်တစ်ခုလုံးကြည့်လင်နေတယ်
လရောင်ကြောင့် ကြယ်လေးတွေရဲ့ အလင်းဟာ..မှိတ်တစ်ခါ လင်းတစ်လှည့်
ညရဲ့အလှကို ပိုပြီအသက်ဝင်အောင်ဖန်တီးနေတယ်…
လရိပ်ကြောင့်ကျိုးတိုးကျဲတဲကျနေတဲ့..ကုက္ကိုပင်အောက်မှာ..ကျနော်နဲ့
သူငယ်ချင်းတွေ ဂစ်တောခေါက်နေတယ်…ကျနော်ခုမှသတိရတယ်..
သူ ပြောထားတဲ့စကားတွေကို…ခုချိန်ဆို သူရဲ့အိမ်ရှေ့ခုံလေးမှာ
လရောင်ကိုငေးကြည့်ရင်းသူထိုင်နေကျ….ကျနော်သူ ဆီကိုသွားဖို့
သူငယ်ချင်းဆီက ကျနော်ထွက်လာခဲ့တယ်…
ကျနော်ထင်တဲ့အတိုင်းပဲ…သူတစ်ယောက်တည်း…အဝေးကိုငေးကြည့်နေတယ်
သူကြည့်တဲ့ဘက် ကျနော်လိုက်ကြည့်တာ ဘာမှလဲမတွေ့ပါဘူး…..
သူ့နားမှာကျနော်ဝင်ထိုင်လိုက်တယ်…
``နင်ဘာ လာလုပ်တာလဲ မအိပ်သေးဘူးလား``
``မအိပ်ချင်ပါဘူးဟာ..
လသာတဲ့ညတွေမှာ ငါအိပ်ရမှာ..
လမင်းကြီးကိုအားနာသလိုပဲ..
ဒါကြောင့်ငါမအိပ်သေးတာ
နင်ရော..တစ်ယောက်တည်း
ဘာထိုင်လုပ်နေတာလဲ``
သူဘာမှပြန်မပြောပါ…အဝေးကိုပဲငေးကြည့်နေတယ်..
ငါနင့်ကို ပြောစရာရှိတယ်ဆိုတော့..
သူက..လမင်းကြီးကိုမော့ကြည့်ရင်ပြောတယ်
ပြောလေ.. …သူကပြောခွင့်ပေးတောင် ကျနော် နူတ်ဖြားက ဘာစကားမှထွက်မလာဘူး
စဉ်းစားထားခဲ့တာတွေ.အများကြီး..ဒီစကားတွေဘယ်ရောက်ကုန်ပြီလဲ..
သူတော့မသိဘူး..ကျနော်တစ်ကိုယ်လုံးပူထူနေတယ်…ရင်တွေခုန်နေတာလား
တကယ်ပါ..သူ..သာတကယ်ကြည့်ခွင့်ရှိမယ်ဆိုရင်..ကျနော့်ရဲ့တီရှပ်အိင်္ကျီပြာလေးအောက်က
ရင်ဘက်ကြီးထဲကို..လှမ်းကြည့်ခိုင်းချင်တယ်..သူ ကိုတကယ်ချစ်တဲ့ကျနော့်နှလုံးသား
ဘယ်လောက်ထိ..ခုန်နေသလဲဆိုတာ……
``ငါ..ငါ…နင့်ကို….´´
အသံကထွက်မလာတော့ဘူး…ကျနော်ပြောလိုက်ရင်သူစိတ်ဆိုးသွားမှာလဲကြောက်တယ်
မပြောရင်လည်းကျနော်တစ်ယောက်..နေလို့မတက်ဘူး…
အဲ့ဒီချိန်မှာသူက ကျနော့်ဘက်လှည့်ပြီ….
``နင် ကိုငါချစ်တယ် နင်ပြောမယ်မဟုတ်လား``
သူဘယ်လိုများသိသွားပါလိမ့်……………
ကျနော်..တဒင်္ဂငြိမ်သက်သွားတယ်..ဒါမှမဟုတ်အရာအားလုံး
တိတ်ဆိတ်သွားတယ်…
တိုးညင်းစွာနဲ့ကျနော်..ပြန်ဖြေမိတယ်………….
``အေ..ငါပြောမလို့``

ကျနော်ပြောလိုက်တော့သူက လက်ကလေးအုပ်ပြီးရယ်ပါတယ်…
ဖယောင်းလိုသွယ်တန်းတဲ့သူ့လက်ချောင်းလေးတွေ..
ကျနော်ကိုင်ကြည့်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးတာပေါ့..
လေတစ်ချက်အဝေ့မှာ..စပယ်ရနံ့တွေသင်းပြီးပါလာတယ်..
ရယ်နေရာကနေ..သူတစ်ချက်ပြန်တည်ပြီးတော့…
``နင့် ကို နားလည်ပါတယ်
ငါစိတ်မဆိုးပါဘူး``
အရာအားလုံးပြန်ပြီအသက်ဝင်လာတယ်. ..ကျနော့်ရင်တစ်ခုလုံး အပျော်တွေကြောင့်.ကောင်ကင်ကကြယ်ကလေးတွေ
တစ်ဖျက်ဖျက်နဲ့လင်းလက်လာခဲ့တယ်..
ပျော်တယ်ဗျာ..အဲ့ဒီညလေးဟာ..ကျနော့်ဘ၀မှာ..အပျော်ရွှင်ဆုံးပါပဲ…
လိုချင်တာ ရရှိလိုက်တဲ့ ကလေးတစ်ယောက်ရဲ့ပျော်ရွှင်မှုနဲ့..
အနက်ရှိုင်းဆုံးပျော်ရွှင်မိခဲ့တာ…မှတ်မိသေးတယ်ဗျာ………..
ဒီလိုနဲ့………………………….
အရာရာတိုင်းဟာ..ဒင်္ဂပြားတစ်ခုမှာရှိတဲ့ ခေါင်းနဲ့ပန်းလိုပါပဲ..
ပျော်ရွှင်ခြင်းရဲ့နောက်မှာ.၀မ်းနည်းကြေကွဲခြင်းကအမြဲလိုက်ပါတက်ပါတယ်။
အားနည်းချက်အာသာချက်ဆိုတဲ့အကြောင်းပြချက်တစ်ခုကိုထုတ်ပိုးပြီး
ကျနော်ခရီးဆက်ခဲ့တာ..ခြေလှမ်းတွေဘယ်ထိရောက်ကုန်ပြီလဲမသိပါဘူး..
ဒဏ္ဍာရီမဆန်ပေမယ့် ရတဲ့သူကတော့ ဒဏ်ရာတွေပဲဆိုတာခုချိန်မှာ
သူတစ်ယောက် နားလည်လောက်ပါတယ်…
စာဖတ်ချင်တဲ့ကျနော်နဲ့ စာဖတ်ဖို့စိတ်မပါတဲ့သူ
ကဗျာကိုမခံစားတက်တဲ့သူနဲ့ ကဗျာတစ်ပုဒ်ကို
အဟာရတစ်ခုလိုမှီဝဲတက်တဲ့ကျနော်.
.ပကာသန..ကို သူမက်မောသလောက်
သရေဖိနပ်လေးတစ်ရံရှိရင် ခရီးတွင်ပြီးဆိုတဲ့ကျနော်..
ဆန့်ကျင်ဘက်တွေကြားထဲမှာစတေးခံလိုက်ရတာက
ကျနော့်နှလုံးသားလေးပါ..ပြန်မရနိုင်တော့တဲ့ အရာတစ်ခုကို
ပြန်လိုချင်နေတဲ့သူတွက် ရရှိလိုက်တာက အလွမ်းဆိုတဲ့
ကျွမ်းလောင်စေတက်တဲ့ နာကျည်းမှုတွေပဲပေါ့……..
ဝေးခဲ့ပြီ..ဝေးသွားခဲ့ပြီ….
ဝေးသွားခဲ့တာဝေးသွားလို့ပဲပေါ့……….
ပြီးပါပြီလို့သူ့ဘက်ကစာတန်းထိုးနေတော့ ကျနော်ဘက်ကလည်း
ဆက်ရန်ဆိုတာကို..ဘယ်လိုမှ..ကျနော့် မာန နဲ့ဆက်မဖက်တော့ပါဘူး..
အစရှိပြီး အဆုံးသတ်မလှတဲ့ ပုံပြင်တစ်ပုဒ်ကို..ကျနော်ထုတ်ဖတ်မိတာ
ကျနော့် ရဲ့အမှားပါ…
မှားခဲ့ပါတယ်..
ထပ်ပြီးမှားဦးမလား..
ထပ်ပြီးမှားရင်အမှန်ရဖို့ကျနော်..တွက်နီးစပ်နေပြီးမဟုတ်လား…

အမှတ်တမဲ့နဲ့လှည့်ကြည့်မိတော့
ချစ်သူ့ခြေလှမ်းများရဲ့ရနံ့
သင်းပျံ့လို့နေဆဲ………….
အလင်းသဲ့သဲ့ကိုကြားတဲ့အခါ
အိပ်မက်ပြာတို့ထပျံသွား
တစ္တေရောင်တံခါးတစ်ချပ်
ဖျတ်ကနဲ ပိတ်
တိတ်ဆိတ်မှုတွေသာ လင်းညိုကျလာခဲ့။
ကြေကွဲလွယ်တာမှန်ခဲ့ပါရဲ့
ဒါပေမယ့်
မေ့ဖို့တော့မလွယ်ခဲ့မိဘူး
သတိရမိတိုင်း ရေးခြယ်နေမိတဲ့ အိပ်မက်တွေ
စနစ်ကျစွာပရမ်းပတာဖြစ်လို့။
ဆက်ဆွဲလို့မရတော့တဲ့ပန်းချီကားတစ်ချပ်လို
ဆေးသားတွေလည်းအက်ကွဲရင့်ရော်
ကမ်းမကပ်နိုင်သေးတဲ့မျှော်လင့်ချက်တွေကလည်းဝေး
ဆုတောင်းသံတွေလည်းအေးစက်
အသက်ရှူရလည်းခက်နေခဲ့ပေါ့။
အရာရာဟာ
သံသရာအထပ်ထပ်
ပြတ်သားစွာ..ဝေးကွာသွားခဲ့ပေမယ်
အဲဒီခြေသံလေးကတော့
အရောင်တွေတောက်ပနေဆဲ။ ။
မနော်ဟရီ
ကဗျာတစ်ပုဒ်ကို တစ်ခါထပ်ဆိုပြရင်းနဲ့..
တစ်ခွက်နဲ့တစ်ခွက်ကြားမှာ ကျနော်….
စတုတ္ထနိဗာန်ကအပြန်မှာ လမင်းကိုကို ဖခုံးကိုဖတ်ပြီ..
အက်ကွဲသံကြီးနဲ့..``လမင်းကိုကို ညီလေး မင်းသိလား
*အချစ်ဆိုတာ ဓားသွားပေါ်ကပျားရည်စက်တဲ့
ဘယ်သူက
ပျားရည်ကြီးပဲလျှက်သွားတယ်မသိဘူ
တောက်………ငါ့အလှည့်ကျတော့ဓားသွား
ကြီးပဲကျန်ခဲ့တယ်….*
ဟား….ဟာ……….ငါမမူးသေးဘူး..ငါမမူးသေးဘူး..
``ဘုန်း``
ကျနော်ပစ်လဲကျသွားပါတော့သည်…………
(*)မှီငြမ်းထားသော…
ဖေဖေါ်ဝါရီ(၁၄)
အမှတ်တရ………
ကိုမျိုးအောင်(ရွှေဂွန်းမြေ)…………

No comments:

Post a Comment