
ယနေ့လို ခေတ်ကြီးထဲမှာ ကိရိယာ တန်ဆာပလာမပါပဲနဲ့ လူတွေအတွက် အသေးငယ်ဆုံး တံတားလေးတစ်ခု တည်ဆောက် မယ်ဆိုရင်တောင်မှ လွယ်ကူလှတဲ့ အလုပ်တစ်ခုတော့ မဟုတ်ပါဘူး ။ သဘာဝတရားကြီးက ကျွန် တော် တို့ကို အံ့သြဖွယ်ရာတွေ ဆောင်ယူလာပေးပါတယ် ။ အိန္ဒိယနိုင်ငံမှ မိုးသစ်တောတွေထဲမှာ သဘာဝ အ လျောက်ရှင်သန်ကြီးထွားနေတဲ့ တံတားတစ်စင်းကို ဖော်ပြပေးလိုက်ပါတယ် ။






အိန္ဒိယမှ Cherraphunji , Meghalaya မှာ သဘာဝအလျောက် ရှင်သန်ကြီးထွားနေတဲ့ သက်ရှိတံတားရဲ့ ပုံတွေ ကို သင်တွေ့မြင်နိုင်ပါတယ် ။ Ficus elastica ဆိုတာကတော့ သဘာဝအလျောက် ဒုတိယအမြစ် (secondary roots) တွေကို ပွားများစေတဲ့ အပင်တစ်မျိုး ဖြစ်ပြီး အဲဒီအပင်တွေ စုပေါင်းခြင်းအားဖြင့် တံတားတစ်စင်း ဖြစ်ပေါ် နေတာကို အံ့သြဖွယ်ရာ တွေ့မြင်ရပါလိမ့်မယ် ။ အချို့သော လူမျိုးစုတွေဟာ မိုးရသီ ရေလွှမ်းမှုတွေနဲ့ ကြုံတွေ့ ရတဲ့အခါ ဒီအပင်တွေကို အသုံးပြုပြီး တကယ့်တံတား ဖြစ်အောင်လည်း ပြုလုပ်ကြပါသေးတယ် ။
http://www.thettantcho.com/2010/04/blog-post.htmlမှကူးယူဖေါ်ပြပါသည်။။။။
No comments:
Post a Comment