အိမ်
ဘာသာရေး
ထူးဆန်းထွေလာ
ကဗျာများ
ပုံများကြည့်ရန်
ပိုတိုရှော့
ဂစ်တာ
ဆော့ဝဲလ်များ
ကျနော်နေရာလေးကို ရောက်လာတဲ့ သူငယ်ချင်းကို အများကြီးကျေးဇူးတင်ရှိပါတယ်ဗျာ
Saturday, March 16, 2013
မယုံလည်း မရှင်းပြတော့ဘူး...ဖတ်ကြည့်တော့
......
မနက်နိုးလာတော့ ခေါင်းက အရမ်းကိုက်နေသည်။ ညက လမင်းကိုကို MCမျိုး တို့နှင့်
အလွန်အကျွံသောက်ထားသည်ကိုသာ ကျနော် မှတ်မိပြီး အိမ်ကိုမည်သို့မည်ပုံ
ပြန်ရောက်လာခဲ့သည်ကို မမှတ်မိတော့။ အိပ်ရာပေါ်က အားယူပြီး ကျနော် ထလိုက်သည်။
ကုတင်ပေါ်မှ ဆင်းမည်အလုပ် ခေါင်းရင်းခုံပေါ်တွင် စာရွက်တရွက်ကိုဖိထားသော
ရေတခွက်နှင့် အကိုက်အခဲပျောက်ဆေးတချို့ကို တွေ့လိုက်သည်။ ဘေးဘီကို
ကျနော် ကြည့်လိုက်မိတော့ ကုတင်ဘေးတွင် မီးပူတိုက်ပြီးသား အသင့်ဝတ်ရန်
အ၀တ်အစားများကို တွေ့လိုက်ပြန်သည်။ ဒီနေ့က ခါတိုင်းနေ့တွေနှင့်
မတူ........ကျနော့် အတွက် နည်းနည်းတော့ ထူးဆန်းနေမိသည်။ ဆေးကိုသောက်လိုက်ပြီး
ရေခွက်အောက်က စာရွက်ကို ယူကြည့်လိုက်သည်။ စာရွက်ပေါ်တွင်. . .
မောင်... (မိန်းမက ကျနော်ကို အဲ့ဂလိုပဲခေါ်ပါသည်..ချစ်တာကို)
ခင် ဈေးသွားလိုက်ပြီ
မောင့်အတွက် မနက်စာကို စားပွဲပေါ်မှာ အဆင်သင့် ပြင်ထားပေးခဲ့တယ်။
နွေးနေတုန်း စားလိုက်ပါနော်...
မောင့်ရဲ့
ခင်
တခုခုတော့ တခုခုပဲ.. ညက မူးမူးနှင့် ကျနော် ဘာတွေပြောမိလုပ်မိလိုက်ပါလိမ့်
..
လူမှန်းမသိ မူးနေတော့ ဘာကိုမှ စဉ်းစားလို့ မရခဲ့။
မေးခွန်းပေါင်းများစွာ နှင့် စားပွဲပေါ်က အုပ်ဆောင်းကို ကျနော် မ
ကြည့်လိုက်သည်။မနက်စာက အငွေ့ တထောင်းထောင်းနှင့်
တကယ့်စားချင်စဖွယ်...........ဘေ
းတွင် မနက်ပိုင်း သတင်းစာကို
တင်ထားသေးသည်။ မနက်စာကိုစားရန် ကျနော် ထိုင်လိုက်စဉ် အခန်းထဲမှ
သားထွက်လာသည်ကို မြင်လိုက်တော့... "သား...မနေ့ညက ဘာတွေ ဖြစ်သေးလဲ"
"အင်း.....မနေ့ညက ညဥ့်နက်မှ ဖေဖေမူးပြီး ပြန်လာတယ်လေ.. အိမ်ရောက်တော့
မေမေကို အော်ငေါက်တယ်...နောက်ပြီး တွေ့ရာပစ္စည်းတွေကိုရိုက်ခွဲတယ်.
.."
သား၏စကားကို ကျနော်ကောင်းကောင်း သဘောမပေါက်နိုင်သေးဘဲ ထပ်မေးလိုက်မိသည်။
"ဒါဆို ဖေဖေထလာတော့ တအိမ်လုံး သန့်ရှင်းနေတာပဲ.ရိုက်ခွဲထားတဲ့
အရာတွေလဲ
မတွေ့ပါလား.....ဒါကို သား မေမေက စိတ်မဆိုးတဲ့အပြင် ဖေဖေအတွက် အင်္ကျီတွေ
မနက်စာတွေ အဆင်သင့် ပြင်ထားသေးတယ်"
"အော် အဲဒါလား...မနေ့ညက ဖေဖေမူးပြီး ပြန်လာတော့..မေမေက စိတ်ဆိုးတာပေါ့။
ဖေဖေ အော်ငေါက်နေတဲ့ကြားထဲ မေမေက ဖေဖေ့ကို အခန်းထဲဆွဲခေါ်ပြီး အ၀တ်လဲမလို့
ဖေဖေ့ အင်္ကျီကို ချွတ်တော့ ဖေဖေက မေမေ့ကို တွန်းထုတ်ပြီး အော်လိုက်သေးတယ်"
"ဖေဖေ ဘယ်လိုအော်လိုက်သေးတာလဲ...သား"
"ကလေးမ...သွား..ငါ့အနားမလာနဲ့ ..ဝေးဝေးသွား..ငါ့မှာ အိမ်ထောင်ရှိတယ် တဲ့"
ကျနော်တစ်ယောက် ကျေကျေနပ်နပ်ကြီး ပြုံးလိုက်မိသည်။
နောက် အငွေ့ တထောင်းထောင်းထနေသော မနက်စာကို မြိန်ရည်ယှက်ရည် စားလိုက်သည်။
ဒီမနက် ကျနော်မိန်းမချက်ထားတဲ့ ထမင်းတစ်နပ်က ကျနော်ဘ၀မှာ အရသာရှိဆုံးပဲဗျာ....
အားလုံးပဲ..အဆင်ပြေပါစေ........
.
ကိုမျိုးအောင်(ရွှေဂွန်းမြေ)
http://www.shwemyotaw.com/
forum/topics/
5442636:Topic:4692868
မှကူယူပါသည်။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment